တန်ဖိုကြီးလွန်းလှတဲ့ ကိုယ့်အိပ်မက်တွေ ဘယ်နေရာကစ ပုံဖော်ရပါ့။ ။
ပစ္စုပ္ပန်လျှောက်ရမယ့်လမ်းက ၀င်္ကပါလား မိုနိုပိုလီလားလဲမသိ။ ။
လောကမှာ ကိုယ်မပါသင့်တဲ့နေရာတွေ သိပ်များတယ်လို့ သိခဲ့ပြီ။ ။
ကိုယ်ဘယ်သူလဲဆိုတာ မသိတော့ ကိုယ်ညံ့ရာ ကျနေရော့သလားလေ။ ။
ကောင်းကင်ကြီးကို ပိုင်ဆိုင်လိုတဲ့ နတ်ရူးဟာ ကိုယ်ပဲမဟုတ်လား။ ။
မျှတမှုဆိုတာကို အဓမ္မလုပ်ယူချင်တဲ့ လူမိုက်ကလည်း ကိုယ်ပါပဲ။ ။
ဟုတ်ပြီ ခဏေလး
ဘ၀တည်ဆောက်နည်းပေါင်းချုပ် သွားရှာလိုက်ဦးမယ်
မိတ်ဆွေက တွေ့ပါစေလို့ဆုတောင်းပေး။ ။
ကိုထိုက်ကြီး