Pages

ဒေါင်းပျိုတို့နှလုံးသား အမုန်းများမရှိ



အင်မတန်ယုတ်ညံ့တဲ့ ခြင်္သေ့တွေသာမရှိရင်
ဒေါင်းပျိုတို့အလှကို ဂရုပြုမိကြမှာမဟုတ်ဘူး
ဆိုပေမယ့်
ခြင်္သေ့ဟာ မာယာသုံးတတ်တယ်
ခြင်္သေ့ဟာ ဟန်ဆောင်ကောင်းတတ်တယ်
ခြင်္သေ့ဟာ ထောင်ချောက်ဆင်တတ်တယ်
ခြင်္သေ့ဟာ အဆက်အစပ်မရှိတဲ့ လျော့တိလျော့ရဲ နတ်စကားတွေဆိုတတ်တယ်
ဒီအခါမျိုးတော့
ဒေါင်းပျိုလေးခမြာ လျစ်လျူရှုခံရ
ရှိစုမဲ့စုအားနည်းချက် အထိုးနှက်ခံရ
ထောင်ချောက်မှန်းသိလျက် နင်းဖြတ်ခဲ့ရ
သူခိုးက လူလူအဟစ်ခံရ
ကိစ္စမရှိလေဘူး
သုမနတို့ကျောမှာ ဒဏ်ရာတွေနဲ့ ဆိုသလိုပ
ဒီဒေါင်းပျိုတွေက
အမှန်တရားအတွက်တော့ အသေခံတပ်သား
အဲ . . .
ဒေါင်းပျိုတွေအလှ ပယ်ချချင်သပဆိုရင်တော့
ခြင်္သေ့တွေ ဥပုသ်စောင့်ဖို့လိုလိမ့်မယ် . . .

                                    ကျားငှက်