Pages

စူပါမန်းဟာ မိုး​ရေထဲ​တောင့်​​တောင်းကြီးရပ်​လို့

စူပါဟီးရိုးရုပ်​ရှင်​​တွေထဲကလို
ကမ္ဘာကြီးကိုကယ်​တင်​မယ်​ဆိုတဲ့စိတ်​ကူးနဲ့
မင်းကိုချစ်​ခဲ့တာမဟုတ်​ပါဘူး
စိတ်​ကျ​ရောဂါခံစား​နေရတဲ့စူပါမန်းဟာ
ငါပဲ
မင်းအားကိုးစရာရှိ
ဒီကမ္ဘာကြီိး​ပေါ်က​နေလွင့်​စင်​မသွား​အောင်​ မင်းကိုဆွဲထားတဲ့
မင်းအချစ်​​တွေကိုပဲအားကိုး
စူပါဟီးရိုးရုပ်​ရှင်​​တွေမှာ ဘာလို့အသည်းကွဲခန်းထည့်​မရိုက်​တာလည်း ဆိုတာ
ငါသိသွားပြီ
စူပါမန်းဟာ အချစ်​​ရေးရှုံးခဲ့တယ်​။။