Pages

ဒီအတိုင်းကြီးဆိုရင်​အိမ်​မက်​မက်​ရဲလား

ဒီအတိုင်းကြီးဆိုရင်​ ငါတို့နှလုံးသား​တွေ ကျွပ်​ဆပ်​လို့
ဒီအတိုင်းကြီးဆိုရင်
ငါတို့ဦး​နှောက်​​တွေ အကျပ်​ရိုက်​လို့
ဒီအတိုင်းကြီးဆိုရင်
ငါတို့​ခြေဖ၀ါး​တွေအက်​ကွဲလို့
ရှေ့ဆက်​လှမ်းဖို့ခက်​ပြီ
ဒီအတိုင်းကြီးဆိုရင်​ ငါတို့မျက်​လုံး​တွေအ​တောင်​​ညောင်းလို့
ရှေ့ကိုလှမ်းမမြင်​နိုင်​​တော့ဘူး
ဒီအတိုင်းကြီးဆိုရင်​ ငါတို့ပါးစပ်​​တွေ
အာ​စေးမိ​နေလို့
စကားလုံးတစ်​လုံး​တောင်​မှထွက်​ကျမလာ​တော့ဘူး
ဒီအတိုင်​ကြီးဆိုရင်
ငါတို့်​တံ​တွေးမျိုချ​နေရတာ​တောင်
အဆင်​မ​ပြေဘူး။     ။
                            ZePhyr