Pages

WHAT OR WHY




ရယူလိုမှုတစ်ခုအတွက်နဲ့
စနစ်တွေပြောင်းပြီး သမိုင်းတွေကို
အဟောင်းတန်းထဲ ပို့တော့မလို့လား
နှစ်ခြောက်ဆယ်လုံးလုံး ဖျက်ဆီးခံခဲ့ရတဲ့
စိတ်ဓာတ်တွေအကြောင်း ခံစားကြည့်ဖို့
ခင်ဗျားတို့ နှလုံးသားတစ်စုံအပိုယူခဲ့ဖို့လိုမယ်

ရှင်လျက်နဲ့သေတဲ့ဘ၀ဆိုတာ
ဒုက္ခိတဖြစ်မှမဟုတ်ဘူး
ကနော်လဲသေခဲ့ဖူးပြီ
ခင်ဗျားလည်းသေခဲ့ဖူးပါပြီ
အခုလည်း သေနေတာပဲလေ . . .

ကြာခဲ့ပြီ ကြာခဲ့ပါပြီ . . .
ခေါင်းညိမ့်ခေါင်းခါ နှစ်မျိုးသာတတ်ကြတဲ့
ရှေးရိုးစွဲ အယူဝါဒတွေထဲက
ခင်ဗျားနဲ့ ကျနော်
ခဏလောက် ရုန်းထွက်ကြည့်ရအောင် . . .

လာပါဗျာ . . .
"ဟုတ်ကဲ့"ဆိုတာပဲ ပြောနေရတာ
ရိုးအီနေပါပြီ
နည်းနည်းတော့ မေးကြည့်ရအောင်
"ဘာလဲ" "ဘာကြောင့်လဲ" လို့လေ။ ။

မော်ကွန်းသစ်