Pages

ကိုယ်​ဟန်​ပြမယ်​တစ်​​ယောက်​ရဲ့အတွင်းခံ​ဘောင်းဘီ​အောက်​ကယုံကြည်​မှု



အ​ဖော်​ချွတ်​မယ်​​လေးဟာ သူ့အဝတ်​အစား​တွေကိုတလွှာချင်းချွတ်​​နေတယ်
နေထိပန်း​လေးကသူ့ပွင့်​ချပ်​​တွေတလွှာခြင်းခွာချ​နေသလို
သူ့ရင်​သား​တွေမှာသူ့ဘုရားသခင်​ဟာမရှိဘူး
သူ့​ပေါင်​တံ​တွေမှာသူ့ယုံကြည်​မှုဟာမရှိဘူး
သူ့​ယောနိမှာသူ့ဘာသာတရားမရှိဘူး
သူ့ခန္ဓာကိုယ်​မှာ သူ့နှုတ်​ခမ်းမှာ ပျစ်​ချွဲ​နေတဲ့အကြည့်​​တွေလာစိုက်
အဒီအကြည့်​​တွေမှာ ဘာသားတရားဟာပါမလာဘူး
အဒီအကြည့်​​တွေထဲမှာ ခရစ်​​တော်​ဟာကားစင်​တင်​ခံရပြီး ဗုဒ္ဓဟာလူပုံအလယ်​မှာစွပ်​စွဲခံ​နေရတယ်
မိုဟာမက်​ဟာ အလ္လာရှင်​မြတ်​ထံ သိုးတစ်​​ကောင်​ကိုယစ်​​ပူ​ဇော်​လိုက်​ပြန်​တယ်
အဲဒီအကြည့်​​တွေထဲမှာ လူပရိတ်​သတ်​ပေါင်း​များစွာရဲ့အကြည့်​​တွေထဲမှာ
အ​ဖော်​အချွတ်​မယ်​ဆိုတဲ့
ဂုဏ်​သတ္တိဟာ သူမရဲ့တင်​ပါးတစ်​စုံလိုဝင်းပလို့။ ။