Pages

သို့ . . . ကိုယ့်​လူ


ဒီမှာ

ခင်​ဗျား NLD ကိုချစ်​တယ်​လို့ မ​ပြောနဲ့

နောက်

ခင်​ဗျား USDP ကိုမုန်းတယ်​လို့ မ​ပြောနဲ့

နိုင်​ငံ​ရေးပြဿနာ

ရတယ်​ ခင်​ဗျားမ​ပြောနဲ့

အကြမ်းဖက်​ ပဋိပက္ခ

ရတယ်​ ခင်​ဗျားမ​ပြောနဲ့

NLD အတွက်

USDP အတွက်

နိုင်​ငံ​ရေးပြဿနာ အတွက်

အကြမ်းဖက်​ ပဋိပက္ခ အတွက်

ငြိမ်းချမ်း​ရေး အတွက်

ကုန်​​ဈေးနှုန်း ကြီးမြင့်​မှု အတွက်

ခင်​ဗျားအတွက်​  သူတို့ ရှိပါတယ်

သူတို့က သစ္စာရှင်​​တွေ

သူတို့က ရိုးသားသူ​တွေ

သူတို့က အကြွင်းမဲ့စွာ ယုံကြည်​ရသူ​တွေ

သူတို့က ​နေရာမယူတတ်​ကြ

သူတို့ကိုင်​တဲ့ လက်​နက်​က က​လောင်​ဖြစ်​တယ်

သူတို့​ပြောတဲ့ စကားက တ​ဘောင်​ဖြစ်​တယ်

သူတို့ပြတဲ့ လမ်းကို​လျှောက်​ ပန်းတိုင်​​ရောက်​တယ်

သူတို့က ခင်​ဗျားရဲ့ ထာဝရ မိတ်​​ဆွေ​ကောင်း

ဒါကို ခင်​ဗျားယုံပါ​စေလို့ ဆု​တောင်း​နေမဲ့

ကျ​နော်

ကိုထိုက်​ကြီး