Pages

သူဘယ်​သူလဲ


အိမ်​ရှင်​မရှိတယ်
မိသားစုရှိတယ်
ဘဝရှိတယ်
သူဘယ်​သူလဲ
အောင်​ဆန်းမဟုတ်​ဘူး
စတိမဟုတ်​ဘူး
ဘီလ်​မဟုတ်​ဘူး
တေဇမဟုတ်​ဘူး
ကျော်​သူမဟုတ်​ဘူး
စိုင်းစိုင်းခမ်းလှိုင်​လဲ​မဟုတ်​ဘူး
စွန့်​ထွင်​ အင်​ဂျင်​နီယာ လယ်​သမား သူ​တောင်းစား
သူဘယ်​သူလဲ

                       ကျားငှက်

ဟန်​​ဆောင်


အားနာလွန်းသတဲ့ ဟန်​​ဆောင်​ အထင်​​သေးမှာစိုးသတဲ့ ဟန်​​ဆောင် ချီးမွမ်းခံချင်​သတဲ့ ဟန်​​ဆောင် ကဲ့ရဲ့မှာစိုးသတဲ့ ဟန်​​ဆောင်​ ယဉ်​​ကျေးတယ်​ထင်​​အောင်​ ဟန်​​ဆောင်​ သ​ဘောထားကြီးတယ်​ထင်​​အောင်​ ဟန်​​ဆောင်​ ဂုဏ်​မြင့်​သူလို့ထင်​​အောင်​ ဟန်​​ဆောင်​ ညိငြင်​မှာစိုးရဲ့ ဟန်​​ဆောင်​ ပူပန်​မှာစိုးရဲ့  ဟန်​​ဆောင်​မ​ပျော်​ရွှင်​မှာကိုစိုးရဲ့ ဟန်​​ဆောင်​ မ​ပေးမှာကိုစိုးရဲ့ ဟန်​​ဆောင်​ မရမှာကိုစိုးရဲ့ ဟန်​​ဆောင်​ ဆုံးရှုံးမှာကိုစိုးလို့ ဟန်​​ဆောင်​ အယူးသည်း​နေသလို ဟန်​​ဆောင်​ အမှန်​ကိုကြိုက်​သလို ဟန်​​ဆောင်​ အမှန်​ကိုလုပ်​​နေသလို ဟန်​​ဆောင်​ အစွန်း​ရောက်​​နေသလို ဟန်​​ဆောင်​ ဝါသနာကြီးလွန်းသတဲ့ ဟန်​​ဆောင်​ ပညာကကြီးလွန်းသတဲ့ ဟန်​​ဆောင်​ သဘာကလည်းကြီးသတဲ့ ဟန်​​ဆောင်​ သိ​နေသလို ဟန်​​ဆောင်​တတ်​​နေသလို ဟန်​​ဆောင်​ ရှိ​နေသလို ဟန်​​ဆောင်​ ရှက်​​နေသလို ဟန်​​ဆောင်​ ချစ်​​နေသလို ဟန်​​ဆောင်​မုန်း​နေသလို ဟန်​​ဆောင်​ ဂရုဏာကြီးသူကြီးတဲ့ ဟန်​​ဆောင်​ ကြင်​နာတတ်​သူလို ဟန်​​ဆောင်​ စိတ်​ရှည်​တတ်​သူလို ဟန်​​ဆောင်​ သည်းခံတတ်​သူလို ဟန်​​ဆောင်​ အပြစ်​ကင်းသူလို ဟန်​​ဆောင်​အဓိဋ္ဌာန်​​ပေါက်​​နေသလို ဟန်​​ဆောင်​ ပြတ်​သားသူလိုပဲ ဟန်​​ဆောင်​ ရဲရင့်​သူပဲတဲ့ ဟန်​​ဆောင်​တရားသူကြီးတဲ့ ဟန်​​ဆောင်​ ​အောက်​သက်​​ကျေသတဲ့ ဟန်​​ဆောင်​ သမာဓိ​တွေ​ကောင်း​နေသလို ဟန်​​ဆောင်​ ရူးမိုက်​သူလိုလဲပဲ ဟန်​​ဆောင်​ မသိသလိုပဲ ဟန်​​ဆောင်​ ​ပျော်​​နေသလို ဟန်​​ဆောင်​ ​ဖော်​​ရွေသလို ဟန်​​ဆောင်​ မကြိုက်​သလိုပဲ ဟန်​​ဆောင်​ ဝီရိယ​ကောင်းသူပဲ ဟန်​​ဆောင်​ စနစ်​ကြီးသူကြီးရဲ့ ဟန်​​ဆောင်​ ရှင်​သန်​ခွင့်​ရဖို့​သေ​နေသလို ဟန်​​ဆောင်​ ကမ္ဘာ​မြေကိုချစ်​သတဲ့ ဟန်​​ဆောင်​ ​ငွေကိုမကြိုက်​ဘူးတဲ့ ဟန်​​ဆောင်​ လိင်​ကိုမကြိုက်​ဘူးတဲ့ ဟန်​​ဆောင်​ ​သေမှာမ​ကြောက်​ဘူးတဲ့ ဟန်​​ဆောင်​ နာမှာမ​ကြောက်​ဘူးတဲ့ ဟန်​​ဆောင်​ အိုမှာမ​ကြောက်​ဘူးတဲ့ ဟန်​​ဆောင်​ မလှချင်​ဘူးတဲ့ ဟန်​​ဆောင်​ လူကြီးလူငယ်​ ဟန်​​ဆောင်​ က​လေး​တွေလည်း ဟန်​​ဆောင်​ ​နေရာတကာ ဟန်​​ဆောင်​ ​နေရာကွက်​ကျားလည်း ဟန်​​ဆောင်​ ပြိုင်​တူတစ်​ချိန်​တည်းမှာ ဟန်​​ဆောင်​ တစ်​​ယောက်​တစ်​မျိုး​ဟေ့ ဟန်​​ဆောင်​ ဟန်​​ဆောင်​တာကိုမသိ​အောင်​ ဟန်​​ဆောင်​ ဟန်​​ဆောင်​​နေမှန်းသိလည်း ဟန်​​ဆောင်​အကြံ​အောင်​ဖို့ ဟန်​​ဆောင်​ ဟန်​​အောင်​လို့​ဆောင်​ ဟန်​​ဆောင်​ ဟန်​​ဆောင်​ ဟန်​​ဆောင်

                                 ကျားငှက်

WHAT OR WHY




ရယူလိုမှုတစ်ခုအတွက်နဲ့
စနစ်တွေပြောင်းပြီး သမိုင်းတွေကို
အဟောင်းတန်းထဲ ပို့တော့မလို့လား
နှစ်ခြောက်ဆယ်လုံးလုံး ဖျက်ဆီးခံခဲ့ရတဲ့
စိတ်ဓာတ်တွေအကြောင်း ခံစားကြည့်ဖို့
ခင်ဗျားတို့ နှလုံးသားတစ်စုံအပိုယူခဲ့ဖို့လိုမယ်

ရှင်လျက်နဲ့သေတဲ့ဘ၀ဆိုတာ
ဒုက္ခိတဖြစ်မှမဟုတ်ဘူး
ကနော်လဲသေခဲ့ဖူးပြီ
ခင်ဗျားလည်းသေခဲ့ဖူးပါပြီ
အခုလည်း သေနေတာပဲလေ . . .

ကြာခဲ့ပြီ ကြာခဲ့ပါပြီ . . .
ခေါင်းညိမ့်ခေါင်းခါ နှစ်မျိုးသာတတ်ကြတဲ့
ရှေးရိုးစွဲ အယူဝါဒတွေထဲက
ခင်ဗျားနဲ့ ကျနော်
ခဏလောက် ရုန်းထွက်ကြည့်ရအောင် . . .

လာပါဗျာ . . .
"ဟုတ်ကဲ့"ဆိုတာပဲ ပြောနေရတာ
ရိုးအီနေပါပြီ
နည်းနည်းတော့ မေးကြည့်ရအောင်
"ဘာလဲ" "ဘာကြောင့်လဲ" လို့လေ။ ။

မော်ကွန်းသစ်

ချိုးဖြူငှက် လွမ်းချင်း




ဟိုးမနီးမဝေးက ယမ်းငွေ့အူအူတွေကြားမှာ
ကျနော် အဖေ့ကိုကျပျောက်ခဲ့တယ်
အမေ့ကိုကျပျောက်ခဲ့တယ်
ညီမလေးကိုကျပျောက်ခဲ့တယ်
ကျပျောက်ခဲ့တယ်
ကျနော့်ခြေထောက်တစ်ဖက်ကျပျောက်ခဲ့တယ်
သေးကွေးပေမယ့် နွေးထွေးနေတဲ့
ကျနော့်တဲအိမ်ကလေး ကျပျောက်ခဲ့တယ်
ကျနော့်သူငယ်ချင်းတွေ ကျပျောက်ခဲ့တယ်
ဆူညံပေါက်ကွဲနေတဲ့ အနိဌာရုံအသံတွေကြားမှာ
ကျနော့်ကြားနိုင်စွမ်းတွေ ကျပျောက်ခဲ့တယ်
သွေးအတိဖုံးနေတဲ့ အနိဌာရုံမြင်ကွင်းတွေကြားမှာ
ကျနော့်မြင်နိုင်စွမ်းတွေ ကျပျောက်ခဲ့တယ်
ကျနော့်နှလုံးသားမှာ ပုံဖော်နေတဲ့
ကျည်ဆံခွံတွေနဲ့ ချိုးဖြူငှက်ကလေးကတော့
ခုထိရုပ်လုံးမပေါ်နိုင်သေးဘူး
အရာအားလုံးဆုံးရှုံးသွားတဲ့ကျနော့်အတွက်
အလျော်အစားကို သိပ်များများစားစားမတောင်းဆိုပါဘူး
ကျေးဇူးပြုပြီး စစ်ပွဲတွေကိုပဲ
ရပ် လိုက် ကြ ပါ တော့ ဗျာ . . . .


Pann Khayay (4TC)