ဟိုးမနီးမဝေးက ယမ်းငွေ့အူအူတွေကြားမှာ
ကျနော် အဖေ့ကိုကျပျောက်ခဲ့တယ်
အမေ့ကိုကျပျောက်ခဲ့တယ်
ညီမလေးကိုကျပျောက်ခဲ့တယ်
ကျပျောက်ခဲ့တယ်
ကျနော့်ခြေထောက်တစ်ဖက်ကျပျောက်ခဲ့တယ်
သေးကွေးပေမယ့် နွေးထွေးနေတဲ့
ကျနော့်တဲအိမ်ကလေး ကျပျောက်ခဲ့တယ်
ကျနော့်သူငယ်ချင်းတွေ ကျပျောက်ခဲ့တယ်
ဆူညံပေါက်ကွဲနေတဲ့ အနိဌာရုံအသံတွေကြားမှာ
ကျနော့်ကြားနိုင်စွမ်းတွေ ကျပျောက်ခဲ့တယ်
သွေးအတိဖုံးနေတဲ့ အနိဌာရုံမြင်ကွင်းတွေကြားမှာ
ကျနော့်မြင်နိုင်စွမ်းတွေ ကျပျောက်ခဲ့တယ်
ကျနော့်နှလုံးသားမှာ ပုံဖော်နေတဲ့
ကျည်ဆံခွံတွေနဲ့ ချိုးဖြူငှက်ကလေးကတော့
ခုထိရုပ်လုံးမပေါ်နိုင်သေးဘူး
အရာအားလုံးဆုံးရှုံးသွားတဲ့ကျနော့်အတွက်
အလျော်အစားကို သိပ်များများစားစားမတောင်းဆိုပါဘူး
ကျေးဇူးပြုပြီး စစ်ပွဲတွေကိုပဲ
ရပ် လိုက် ကြ ပါ တော့ ဗျာ . . . .
Pann Khayay (4TC)