Pages

ခင်​ဗျားလက်​မှတ်​ထိုးလိုက်​တာကျုပ်​တို့အိမ်​မက်​​တွေ

တစ်​​နေ့​နေ့တစ်​ချိန်​ချိန်​မှာဒါဟာဖြစ်​လာမှာ အတိအကျပဲ ဘုရားသခင်​ရဲ့အလို​တော်​အတိုင်းပဲ
ဘီယာတစ်​ခွက်​လို​ပေါ့ကွာအမြှပ်​​တွေဟာအထက်​ကိုတက်​ကျတာပါပဲ
အစွန်း​ရောက်​၀ါဒီ​တွေက​ရော အချစ်​ကိုယုံသလား၊​မေးခွန်းဟာ​မေးပြီး​နောက်​​ချေဖျက်​ခြင်းခံလိုက်​ရတယ်​၊
ဒါဟာလူကြီးလူ​ကောင်းတစ်​​ယောက်​ရဲ့အပုတ်​နံ့ထွက်​​နေတဲ့သတင်းပဲ၊လူမျိုး​ရေးခွဲခြားမှုဟာထမင်းစားပြီး​ရေ​သောက်​သလိုလွယ်​လာ၊မြို့ထဲစစ်​သား​တွေဝင်​လာတဲ့အခါခို​လေး​တွေလန့်​ပျံသွားကြ၊
အားလုံးဟာအထိန်​တလန့်​နဲ့ရုပ်​ရှင်​ရုံထဲက​ပြေးထွက်​လာတယ်​၊အ​ခြေခံလူတန်းစား လမ်းမ​ပေါ်မှာလူအရမ်းများ
ထွက်​​ပေါက်​မရှိတဲ့လူ​တွေလူအရမ်းများ၊သီချင်းသံကလမ်းမ​ပေါ်တက်​လာတယ်​ ပျီဆို့​နေတဲ့​ရောင်​ကိုင်းမှုကြီးနဲ့၊
အိမ်​မက်​ဆိုတာ ဒီလိုလူမျိုး​တွေနဲ့များ
မထိုက်​တန်​ဘူးလို့ယူဆထားကြသလား
ဉာဏ်​ကြီးရှင်​ကြီးများရဲ့
ဒီကမ္ဘာကြီးကိုပို​ကောင်းလာဖို့ဆိုတဲ့
မဟာစိတ်​ကူးကြီးများနဲ့ခင်​ဗျားတို့
စီးကရက်​ကိုမီးညှိခဲ့ကြသလား။   ။
                                   ZePhyr
5.Dec.2014