Pages

Team-work

ကိုယ့်ခန္ဓာမှအသက်သွေးကို
တစ်ပါးသူအတွက်စွန့်လွှတ်ရတာ
မွန်မြတ်ပါတယ် သန့်စင်ပါတယ် စေတနာပါတယ်
လှုပ်ရှားကြ လူငယ်တွေလှုပ်ရှားကြ
အစုအဖွဲ့လေးကနေ အစုအဝေး
အစုအဝေးကနေ အ၀န်းအ၀ိုင်းသို့
လှိုင်းလုံးလေးကနေ လှိုင်းလုံးကြီးအဖြစ်စုပေါင်း
ကျောက်ကမ်းပါးယံကို ရိုက်ချသလို
မေတ္တာဂရုဏာဟာ
ထိခတ်တယ် ကူးစက်တယ် ကျယ်ပြန့်တယ်
ပေးကမ်းခြင်းအတွက် ပရဟိတအတွက် အများအကျိုးအတွက်
ထောင့်တစ်ထောင့်ကနေ ပါဝင်ပတ်သတ်ခြင်းအတွက်
လူငယ်တွေ ပင့်ကူအိမ်လိုချိတ်ဆက်မိသွားတယ်
ဖယောင်းတိုင်မီးလို လက်ဆင့်ကမ်းထွန်းညှိသွားရမယ့်
စိတ်ဓာတ်မျိုး လင်းပွင့် နေရောင်အောက်မှာ
ငါတို့လူငယ်တွေ
လက်တွဲကြ မွေးမြူကြ သတ္တိရှိကြ
ရှေ့တန်းရောက်ကြ အမြင်ကျယ်ကြ ကောင်းမြတ်ကြ
ချစ်တတ်ကြ လူ့အဖွဲ့အစည်းကို အဖွဲ့အစည်းစိတ်ဓာတ်နဲ့
လူငယ်အဖွဲ့အစည်း အတောင်ဖြန့် ပျံသန်းနိုင်စေသောဝ် . . . .




 ကိုဥက္ကာ ( စက်မှု )