Pages

ရယ်ပါ


ရယ်ပါ

ရယ်ဖို့ထက်နာဖို့ပဲကောင်းတဲ့

ဟာသတွေကိုမင်းမသိသေးသရွေ့

ငါရဲ့အသည်းကွဲခြင်းကို မင်း

ရယ်ပါ။

စကြာဝဋ္ဌာကြီးရဲ့အစက်အပျောက်လေးတွေ


မြက်ခင်းပြင်ပေါ်မှာဖြတ်ပြေးခဲ့တယ်

ကိုယ့်ရဲ့လိုအပ်မှုတွေရောမလိုအပ်မှုတွေရောလေထဲမှာလွင့်ပစ်ရင်း

လူငယ်တစ်ယောက်ပဲ ဘဝရဲ့အစိုင်အခဲတွေ မရင်းနှီးချင်ပေမဲ့ရင်းနှီးခဲ့ရမှာပဲ

အစဉ်ကျိုးပဲ့နေပါတယ်ဆိုတဲ့ ကမ္ဘာကြီးမှာ

ငါတို့မျှော်လင့်နိုင်တာ ဘာတွေပါလိမ့်

ချောက်ကမ်းပါးကြီးတွေလား ရက်စက်ဓားလှံတွေလား

ရွေးချယ်စရာတော့အများသားမဟုတ်လား

လှေကားထစ်တွေတစ်ဆင့်ပြီးတစ်ဆင့်

ကိုယ့်ရဲ့အမှတ်လက္ခဏာကိုပြဖို့အတွက်

ကိုယ့်ရဲ့နှလုံးသားကိုနားလည်အောင်ကြိုးစားရမယ်

ကိုယ်ဟာထောင့်တစ်ထောင့်ကနေအကြုံးဝင်တယ်

ကိုယ်ဟာလွတ်ထွက်နေတဲ့အပိုင်းအစမဟုတ်ဘူး

ကိုယ်ဟာ စကြဝဠာကြီးရဲ့အစွန်အဖျားအပိုင်းအစလေးပဲ ဒါပေမဲ့ ကိုယ်ဟာပျော်ဝင်လွယ်တဲ့ရေစက်ကလေးပဲမဟုတ်လား။

ကဗျာလေး


တီရှပ်နဲ့ဂျင်းဘောင်းဘီနဲ့ကဗျာကို

ကောင်မလေးကို ချစ်သလိုချစ်တယ်

လည်ပင်းဖတ်ပါပဲ ငယ်ပေါင်းပါပဲ ကဗျာက

ငါ့ကိုယ်ငါ ပြန်ဖျော်ဖြေနေရတဲ့ပြဇာတ်ပဲ

ငါတို့ ကမ္ဘာကျဉ်းကျဉ်းမှာ ကဗျာက

ငါ့ကာရာအိုကေပဲ ငါ့အရက်ဆိုင်ပဲ

ငါနမ်းချင်တဲ့ ကောင်မလေးပဲ.

ရွှေရောင်လက်မှတ်


မင်းနဲ့မျက်နှာချင်းဆိုင်မိရင်

willians walkarရဲ့ရွှေရောင်လက်မှတ်ကို

ကံကောင်းထောက်မစွာရခဲ့တဲ့

ကောင်လေးChalee လိုငါပျှော်လိုက်တာ.

့မြစ်


ဘယ်လောက်ပဲကွေ့ကောက်ကွေ့ ကောက်

ပင်လယ်အထိတော့ရောက်အောင်

သွားမှာပဲမဟုတ်လား ဒါဟာဘဝလို့

ဒါဟာသံသရာလို့သူကပြောနေခဲ့တာ.

ကြွေချိန်

ပြဒါးမရှိတဲ့ မှန်တစ်ချပ်က ပုံရိပ်ကောင်းထင်ဖို့ ဖြစ်နိုင်ပါ့မလား

ပြဒါးမရှိတော့လို့ ပုံရိပ်ကောင်းမထင်နိုင်တဲ့ မှန်တစ်ချပ်ကိုအပြစ်မဖို့ကြနဲ့

တစ်ချိန်က သူ့လောက်အမှန်ဘက်ကရပ်တည်နိုင်တာ ဘယ်သူရှိလို့တုန်း



အားမရှိလို့နားနေသူကို အပြစ်မဖို့ကြနဲ့

တစ်ချိန်က သူ့လောက်ဘယ်သူတွန်းခဲ့တုန်း



ပါးမရှိတော့လို့ တရားမှတ်နေသူကို အပြစ်မဖို့ကြနဲ့

တစ်ချိန်တုန်းက သူလောက်ဘယ်သူတရားဟောခဲ့တုန်း



ကျားမရှိတော့လို့ တောပျောက်သွားတာမဟုတ်ဘူး

ဝါးမရှိတော့လို့ တောခြောက်ခဲ့ရတာ



အချစ်မရှိတော့လို့ အသဲကွဲနေကြတယ်မထင်နဲ့

အသစ်မရှိတော့လို့ ၀မ်းနည်းနေကြတာ



အပေါက်မရှိလို့ မပြောခဲ့ကြတာမဟုတ်ဘူး

အကြောက်ရှိလို့ မပြောရဲကြတာ

ခင်ဗျားတို့ အကြောင်းတရားတွေကို မမေ့ကြနဲ့။ ။



ကိုထိုက်​ကြီး

ကျေနပ်​ခြင်း

ကုန်ဆုံးခဲ့တဲ့ အတိတ်မှာ

ခင်ဗျားမဖြစ်ချင်တာတွေဖြစ်ခဲ့မယ်

ကျနော်မဖြစ်ချင်တာတွေဖြစ်ခဲ့မယ်

အတိတ်ကဖြစ်ခဲ့သော ကောင်းမှု မကောင်းမှု

နှစ်​ခုစလုံးကို လက်ခံနိုင် လက်မခံနိုင်ရှိမယ်

ဒါပေလဲ့ အခုအချိန်ထိတော့

နာရီလက်တံတွေကို ပြောင်းပြန်လှည့်ဖို့က

မဖြစ်နိုင်တာ အသေအချာပဲ

တစ်ခုပေါ့

ခင်ဗျားက သံသရာကိုယုံလို့

ဗုဒ္ဓရဲ့တရားနဲ့ ဆင်ခြင်ခဲ့ရင်

အနည်းဆုံး အူဝဲ လို့တော့ တဖန်အော်ခွင့်ရမှာပါ။။


ကိုထိုက်​ကြီး

တချို့ကတည်ငြိမ်တဲ့ အ ရောင်
တချို့ကအ ရောင်တောက်
တချို့ကပြိုးပြိုးပြက်  တချို့ကျလင်းလက်သွားတယ်
လင်းလက်မှုဟာတွေ့ရခဲတယ်
အရာအားလုံးကို ဖုံးလွှမ်းသွားနိုင် တယ် သူငယ်ချင်း

Published with Blogger-droid v2.0.10

"အချစ်ရယ်"

*မေတ္တာတရားရင်မှာများ  အရမ်းချစ်ခဲ့တယ်အချစ်ရယ်...
*အငွေ့အသက်တွေကျန်ရစ်နေ.  သတိရမိတယ်အချစ်ရယ်...
*ဆိုင်ကယ်တစ်စီးအတူတူစီး  တမ်းတမိတယ်အချစ်ရယ်...
*နားလည်မှုတွေမထားနိုင်  နာကြည်းမိတယ်အချစ်ရယ်...
*တစ်ခါတလေစိတ်မှာလေ. မျှော်လင့်မိတယ်အချစ်ရယ်...
*အိပ်မက်ဆိုးညအိပ်မရ.  ဖက်ထားချင်တယ်အချစ်ရယ်...
*သစ္စာတရားလက်ကိုင်ထား  သိစေချင်တယ်အချစ်ရယ်
                                                     ကာရန်ဂျဲ

Published with Blogger-droid v2.0.10