ပြဒါးမရှိတဲ့ မှန်တစ်ချပ်က ပုံရိပ်ကောင်းထင်ဖို့ ဖြစ်နိုင်ပါ့မလား
ပြဒါးမရှိတော့လို့ ပုံရိပ်ကောင်းမထင်နိုင်တဲ့ မှန်တစ်ချပ်ကိုအပြစ်မဖို့ကြနဲ့
တစ်ချိန်က သူ့လောက်အမှန်ဘက်ကရပ်တည်နိုင်တာ ဘယ်သူရှိလို့တုန်း
အားမရှိလို့နားနေသူကို အပြစ်မဖို့ကြနဲ့
တစ်ချိန်က သူ့လောက်ဘယ်သူတွန်းခဲ့တုန်း
ပါးမရှိတော့လို့ တရားမှတ်နေသူကို အပြစ်မဖို့ကြနဲ့
တစ်ချိန်တုန်းက သူလောက်ဘယ်သူတရားဟောခဲ့တုန်း
ကျားမရှိတော့လို့ တောပျောက်သွားတာမဟုတ်ဘူး
ဝါးမရှိတော့လို့ တောခြောက်ခဲ့ရတာ
အချစ်မရှိတော့လို့ အသဲကွဲနေကြတယ်မထင်နဲ့
အသစ်မရှိတော့လို့ ၀မ်းနည်းနေကြတာ
အပေါက်မရှိလို့ မပြောခဲ့ကြတာမဟုတ်ဘူး
အကြောက်ရှိလို့ မပြောရဲကြတာ
ခင်ဗျားတို့ အကြောင်းတရားတွေကို မမေ့ကြနဲ့။ ။
ကိုထိုက်ကြီး