Pages

ကျေနပ်​ခြင်း

ကုန်ဆုံးခဲ့တဲ့ အတိတ်မှာ

ခင်ဗျားမဖြစ်ချင်တာတွေဖြစ်ခဲ့မယ်

ကျနော်မဖြစ်ချင်တာတွေဖြစ်ခဲ့မယ်

အတိတ်ကဖြစ်ခဲ့သော ကောင်းမှု မကောင်းမှု

နှစ်​ခုစလုံးကို လက်ခံနိုင် လက်မခံနိုင်ရှိမယ်

ဒါပေလဲ့ အခုအချိန်ထိတော့

နာရီလက်တံတွေကို ပြောင်းပြန်လှည့်ဖို့က

မဖြစ်နိုင်တာ အသေအချာပဲ

တစ်ခုပေါ့

ခင်ဗျားက သံသရာကိုယုံလို့

ဗုဒ္ဓရဲ့တရားနဲ့ ဆင်ခြင်ခဲ့ရင်

အနည်းဆုံး အူဝဲ လို့တော့ တဖန်အော်ခွင့်ရမှာပါ။။


ကိုထိုက်​ကြီး