Pages

လူအကြီးများ


ငါ့ခေါင်းကိုသေနတ်နဲ့တေ့ပြီး ငါ့ဦးနှောက်ကိုထုတ်ယူသွားတာ

ဘယ်သူလဲ

ကဲ ခွက်တွေကိုမြှောက်ပြီး ငါတို့

ခွက်ခြင်းတိုက်ကြရအောင်

ရုပ်မြင်သံကြားစက်ထဲကသီချင်းကို

ဆန့်ကျင်ကြရအောင်

ဆောင်ပုဒ်တွေကိုရိုက်ချိုးကြရအောင်

လွင့်ပစ်ထားတဲ့အရာတွေကို

ပြန်ကောက်ကြရအောင်

ရောက်တက်ရာသီချင်းတွေ

ဆိုကြရအောင်

အစမရှိအဆုံးမရှိ လူ့ဘဝဟာ

ထင်ထားသလောက်လည်း

မပေါက်မြောက် အထွေထွေမကျေနပ်ချက်ဟာ

ခွက်ထဲရောက်လာတယ်မင်းမော့ချပြစ်လိုက်တာဟာ မပျှော်ရွှင်မှုလား

ဝေဒနာလား ဒုက္ခလား တိုင်းရေးပြည်ရေးလား

ကဲ မေးရဦးမယ် ဘယ်သူ့အရေးလဲ

မင်းအရေးလား ငါ့အရေးလား

စကားတွေအများကြီးပြောရတာမောလား

မင်းစကားထဲမှာမင်းရှိတယ်

မင်းမျက်လုံးထဲမှာလည်းမင်းပဲအဲဒီတော့

မင်းမြင်တာလည်းမင်းကိုယ်မင်းပဲ

ကဲ နောက်ထပ်

ရယ်သွမ်းသွေးကြရအောင်

တံခါးကိုပိတ်ထား အကြောက်တရားထက်

ပိုခိုင်မာတာ မျှော်လင့်ချက်ပဲကွ

လူတွေကိုမျှော်လင့်စရာတွေပေးလိုက်မယ်

ကဲ နောက်ဆုံးတစ်ခွက် ငါတို့ခွက်ချင်းတိုက်ကြမယ် ပြီးရင်

ဝါကျကိုပြန်တည်ဆောက်ပြမယ်

ငါ့ခေါင်းကိုသေနတ်တေ့ပြီး

ဦးနှောက်ကိုထုတ်ယူသွားတာ

ဘယ်သူလဲ။            ။

koOakkaR