အချစ်သည်သူမဖြစ်သည်
အချစ်သည် ဝါးမျိုသွားသောအချိန်ကာလတစ်ခုဖြစ်သည်။
အချစ်သည် နတ်သမီးပေးသောအိမ်မက်ဖြစ်သည်။
အချစ်သည် အသက်ကိုထောက်ကန်ထားသောတိုင်ဖြစ်သည်။
အချစ်သည် ရင်ခုန်သံအတုနဲ့နာရီတစ်လုံးဖြစ်သည်။
အချစ်သည် ခန္ဓာကိုယ်ရဲ့ပင်မသွေးကြောဖြစ်သည်။
အချစ်သည် တမန်တော်ရဲ့ဓားတစ်လက်ဖြစ်သည်။
အချစ်သည် လှပသောနံရိုးတစ်ချောင်းဖြစ်သည်။
အချစ်သည် ပျားရည်တစ်စက်ရဲ့သင်္ခါရတရားဖြစ်သည်။
အချစ်သည် ကိုယ်ဖျောက်ထားတဲ့အဆိပ်ပန်းဖြစ်သည်။
အချစ်သည် ဂျစ်ပစီတစ်ယောက်ရဲ့အသဲကွဲတမ်းချင်းဖြစ်သည်။
အချစ်သည် နှလုံးသားစက်ရုံရဲ့ဘေးထွက်ဆိုးကျိုးဖြစ်သည်။
အချစ်သည် အရုပ်ဆိုးဆုံးသမိုင်းဖြစ်သည်။
အချစ်သည် ကျွန်တော့်ကိုနင်းသွားသောဖိနပ်အနီတစ်ရံဖြစ်သည်။
အချစ်သည် နှလုံးသားအားဖဲ့ကိုက်သွားသောနှာခေါင်းချွန်ချွန်တစ်ခုဖြစ်သည်။
အချစ်သည် တစ်ခါတစ်ရံဆံပင်စည်းထားတက်ပါသည်။
အချစ်သည် သူမဖြစ်သည်။
koOakkaR