(ပိတ်)တောနားကကျောင်း
တက္ကသိုလ်ဝင်တန်းအောင်ခါစကပေါ့
ကျနော်ကလည်း ဘုမသိဘမသိ
စပြီ လာပြီ တွေ့ကြပြီ
သြော် ခင်ဗျားကမြို့အပြင်မှာကိုး
အံမယ် နှုတ်ခမ်းနီပါးနီတွေနဲ့ အလန်းဗျ
လာမယ် ရတယ် လာခဲ့မယ်
ကျနော်မြို့ထဲကပဲ လာခဲ့မယ်
ဆိုးတော့မဆိုးပါဘူး
တောတောလိုက် တောင်တောင်လိုက်ပေါ့
ပထမနှစ် (AGTI)
ဒုတိယနှစ် (AGTI)
တတိယနှစ် (B.Tech)
(ပထမ)စတုတ္ထနှစ် (B.Tech)
(ဒုတိယ)စတုတ္ထနှစ် (B.Tech)
ပဉ္စမနှစ် (BE)
ခင်ဗျားကြီးအကြောင်းကို ကျုပ်ကောင်းကောင်းကြီးသိပြီ
ခင်ဗျားမှာဘာမှမရှိဘူး
လက်တွေ့၊ ဓာတ်ခွဲခန်း၊ ပြဌာန်းစာအုပ်၊ ကိုးကားစာအုပ်
ပြောမနေတော့ဘူးဗျာ ရေတောင်သောက်စရာမရှိဘူး
ခင်ဗျားလိမ်တယ် ခင်ဗျားညာတယ်
အဖွားကြီး
ခင်ဗျားနဲ့အတူ ဒီတောထဲမှာလာနေခဲ့တာ ခြောက်နှစ် ခြောက်နှစ်
ကျုပ်ကိုကွာရှင်းခွင့်ပေးပါတော့
အဲလေ တစ်ခုတော့တောင်းဆိုအုံးမယ်
ခင်ဗျားအနေနဲ့ ကျုပ်ကို BEဘွဲ့လေးတော့ နစ်နာကြေးပေး။ ။
ကျားငှက်