Pages

စူပါမန်းဟာ မိုး​ရေထဲ​တောင့်​​တောင်းကြီးရပ်​လို့

စူပါဟီးရိုးရုပ်​ရှင်​​တွေထဲကလို
ကမ္ဘာကြီးကိုကယ်​တင်​မယ်​ဆိုတဲ့စိတ်​ကူးနဲ့
မင်းကိုချစ်​ခဲ့တာမဟုတ်​ပါဘူး
စိတ်​ကျ​ရောဂါခံစား​နေရတဲ့စူပါမန်းဟာ
ငါပဲ
မင်းအားကိုးစရာရှိ
ဒီကမ္ဘာကြီိး​ပေါ်က​နေလွင့်​စင်​မသွား​အောင်​ မင်းကိုဆွဲထားတဲ့
မင်းအချစ်​​တွေကိုပဲအားကိုး
စူပါဟီးရိုးရုပ်​ရှင်​​တွေမှာ ဘာလို့အသည်းကွဲခန်းထည့်​မရိုက်​တာလည်း ဆိုတာ
ငါသိသွားပြီ
စူပါမန်းဟာ အချစ်​​ရေးရှုံးခဲ့တယ်​။။


ရန်​ကုနိမြို့ကြီး

ရန်​ကုန်​မြို့ကြီးဟာ ဦး​နှောက်​​သွေး​ကြောပျက်​ပြီး ​နွေပူပူထဲလမ်းမ​ပေါ်မှာပက်​လက်​လန်​​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ မျက်​ခုံး​မွှေးဆွဲထားတဲ့မျက်​ခုံး​မွှေးအပြားကြီးနဲ့လူ​တွေကိုပြုံးပြ​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ လွယ်​အိတ်​တစ်​လုံးလွယ် သင်တန်းတစ်​ခုပြီးတစ်​ခု​ပြေးအလွှားတက်​​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ သားထမင်းမစားရ​သေးလို့ပါ ထမင်းဖိုး​လေး​ပေးပါ နဲ့​အလှူ ခံ​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ အဲယားကွန်းသံတဝီးဝီး
မီးစက်​အသံတစ်​ဖုန်းဖုန်းနဲ့​ချွေးဒီးဒီးကျ​နေတယ်
ရန်​ကုန်​ မြို့ကြီးဟာ ကားကိုဟွန်းသံအရှည်​ကြီး​ပေးပြီး တရကြမ်း​မောင်းတယ်
ရန်​ကုန်​မြို့ကြီးဟာ အတက်​ဆိုခရီးသည်​ကိုအတင်းဆွဲတင် အဆင်းဆိုဇွတ်​တွန်း​ချပြန်​တယ်
ရန်​ကုန်​မြို့ကြီးဟာ ပလက်​​ဖောင်း​ပေါ်တက်​ကားထိုးပြီး ​ဈေေးရာင်းတယ်
ရန်​ကုန်​မြို့ကြီးဟာ ထမင်းချိုင့်​​လေးနဲ့ မနက်​​မှောင်​​မှောင်​က
အလုပ်​သွားတယ်​ ည​မှောင်​​မှောင်​မှ ပြန်​လာတယ်
ရန်​ကုန်​မြို့ကြီးဟာ ညစာနဲ့မနက်​စာ​ပေါင်းစားတယ်
ရန်​ကုန်​မြို့ကြီးဟာ ​ရွှေ့​ပြောင်းလာတဲ့ခို​တွေရဲ့အသံ​တွေနဲ့ညံ​​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ ရက်​လွန်​​နေတဲ့ငါး​ကိုမဲ​နေ​အောင်​ကင်​ထားတယ်
ရန်​ကုန်​မြို့ကြီးဟာ ​ဘယ်​သူမှဂရုမစိုက်​ ​ကောင်​မ​လေးရင်​သားကိုကိုင်​ နုတ်​ခမ်းကိုစုပ်​​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ အာဟာရမ​ပြည့်​တဲ့မျက်​နှာနဲ့ လမ်းပေါ်မှာပန်း​ရောင်း​တယ်
ရန်​ကုန်​မြို့ကြီးဟာ ဦးထုပ်​​နောက်​ပြန်​​စောင်းပြီး rap ရွတ်​​တယ်
ရန်​ကုန်​မြို့ကြီးဟာ အို​နေတဲ့အပျက်​မပဲငယ်​တယ်​ထင်​​အောင်​ပြင်​ဆင်​ပြီးထိုင်​​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ အညစ်​အ​ကြေး​တွေနဲ့ပြည့်​​နေတဲ့အမှိုက်​ပုံကြီး
ရန်​ကုန်မြို့ကြီးဟာ ​ရောင်​စုံစက္ကူ​လေးများမွစာကြဲ​ ​လောင်​ကျွမ်းလွယ်​ စွန်းထင်းလွယ်​တယ်
ရန်​ကုနိမြို့ကြီးဟာ ​နေဝင်​ပြီးမိုးချုပ်​သွားတယ်
ရန်​ကုနိမြို့ကြီးဟာ ​စောက်​ထာကျလွန်းတယ်​ လူနဲ့မလိုက်​တဲ့ရှုးဖိနပ်​ကြီးစီးလို့
ရန်​ကုန်​မြို့ကြီးဟာ ရင်​သားကိုကြီး​အောင်​​ဆေးထိုးပြီး မိန်းမတစ်​​ယောက်​လိုလမ်း​လျှောက်​တယ်
ရန်​ကုန်​မြို့  ကြီးဟာ လိင်​ပိုင်းဆိုင်​ရာအ​စော်​ကားခံရတယ်
ရန်​ကုန်​မြို့ကြီးဟာ ကားတိုက်​မလို့ နှစ်​ကြိမ်​ဖြစ်​တယ်​ နှစ်​ကြိမ်​လုံးကားသမားဆဲတာခံရတယ်
ရန်​ကုန်​မြို့ကြီးဟာ လက်​​မောင်းမှာtatooထိုးထားတယ်
ဘီးလူး ပုံ အစွယ်​အ​ဖွေးသား စား​တော့ဝါး​တော့မဲ့အကြည့်​နဲ့
ရန်​ကုန်​မြို့ကြီးဟာ လမ်​ဘိုဂီနိပြိုင်​ကား
အမိုးဖွင့်​ပြီး ပြည်​လမ်းမှာ​မောင်းသွားတယ်
စော်​​လေးတင်​ပြီး။ ။


ကဗျာဆိုတာပူပူ​နွေး​နွေး​ဟော့​ဒေါ့

ကဗျာဆိုတာ ဘုရားသခင်​ရဲ့ဒုတိယနာမ​တော်
ကဗျာဆိုတာ ပစ္စည်းမဲ့လူတန်းစားကြီး
က​ဗျာဆိုတာ မယာ​ကော့စကီးရဲ့နှုတ်​ခမ်း​မွှေကြီး
ကဗျာဆိုတာ လမ်းလယ်​​ခေါင်​က ဘ​လောက့်​တုံး​တွေ
ကဗျာဆိုတာ​နှုတ်​ခမ်းနီဆိုးထားတဲ့တင်​ပါးကြီး
ကဗျာဆိုတာ အမျိုးသား​ရေးပစ္စည်း
ဒီကမ္ဘာကြီးကို ကဗျာနဲ့ကယ်​တင်​မယ်
ငါ့ကဗျာငါ​ရေးမယ်​ မင်းနားလည်​စရာမလိုဘူး
ကဗျာဆိုတာပြည်​သူလူထုကြီး
ပြည်​သူလူထုကြီးက ကဗျာနဲ့​တွေ့​တော့ထမင်းငတ်​​နေတယ်
သူကိုယ်​တိုင်​လည်းထမင်းငတ်​​နေတယ်
ကဗျာဟာ သားပျက်​​ကျတယ်
အနုပညာတဲ့အ​ကောင်းစားစကားလုံးကြီး
အနုပညာပုံ​ဆောင်​ခဲကြီး လမ်း​ပေါ်တက်​လာပြီ
ရေငတ်​​နေတဲ့အသားအ​ရေနဲ့
ကဗျာ ​ဆိုတာ ဦးထုပ်​အဖြူ​ဆောင်းထားတဲ့​ဆောက်​လုပ်​​ရေးလုပ်​သား
တစ်​​နေ့လုပ်​ခ၈ထောင်နဲ့ လှိုင်​သာယာကတဲ​လေးထဲမှာ​နေတယ်
ကဗျာဆိုတာ ကိုယ်​စားပြုမှုကြီး
စကြ၀ဠာ သကြားလုံး လူကူးမျဉ်းကြား
ကိုယ့်​ကိုယ်​ကို အထင်​ကြီးမှု လူ​တွေနဲ့​ဝေးကွာမှု like​တွေအများကြီးရတဲ့status
တန်​ဖိုး၁၅၀၀ကျပ်​နဲ့ မျက်​နှာဖုံးလှလှ
အမှာစာ ​ခေတ်​ကြီးကိုကိုယ်​စားပြုပါတယ်
ကျွနု​ပ်တို့မျိုးဇာတ်​ရဲ့​ဖြတ်သန်းခဲ့ရတဲ့​ခေတ်​ကြီးရဲ့အ​မှောင်​ကျမှုဟာ ဒီကဗျာပဲ
ကဗျာဆိုတာ တစ်​ကိုယ်​​ရည်​အာသာ​ဖြေမှု
စကားလုံး​တွေနဲ့ပြီးလိုက်​တာ ​နောက်​ဆုံး​တော့​ပေါ့သွားတယ်​....။


ကိုယ်​ဟန်​ပြမယ်​တစ်​​ယောက်​ရဲ့အတွင်းခံ​ဘောင်းဘီ​အောက်​ကယုံကြည်​မှု



အ​ဖော်​ချွတ်​မယ်​​လေးဟာ သူ့အဝတ်​အစား​တွေကိုတလွှာချင်းချွတ်​​နေတယ်
နေထိပန်း​လေးကသူ့ပွင့်​ချပ်​​တွေတလွှာခြင်းခွာချ​နေသလို
သူ့ရင်​သား​တွေမှာသူ့ဘုရားသခင်​ဟာမရှိဘူး
သူ့​ပေါင်​တံ​တွေမှာသူ့ယုံကြည်​မှုဟာမရှိဘူး
သူ့​ယောနိမှာသူ့ဘာသာတရားမရှိဘူး
သူ့ခန္ဓာကိုယ်​မှာ သူ့နှုတ်​ခမ်းမှာ ပျစ်​ချွဲ​နေတဲ့အကြည့်​​တွေလာစိုက်
အဒီအကြည့်​​တွေမှာ ဘာသားတရားဟာပါမလာဘူး
အဒီအကြည့်​​တွေထဲမှာ ခရစ်​​တော်​ဟာကားစင်​တင်​ခံရပြီး ဗုဒ္ဓဟာလူပုံအလယ်​မှာစွပ်​စွဲခံ​နေရတယ်
မိုဟာမက်​ဟာ အလ္လာရှင်​မြတ်​ထံ သိုးတစ်​​ကောင်​ကိုယစ်​​ပူ​ဇော်​လိုက်​ပြန်​တယ်
အဲဒီအကြည့်​​တွေထဲမှာ လူပရိတ်​သတ်​ပေါင်း​များစွာရဲ့အကြည့်​​တွေထဲမှာ
အ​ဖော်​အချွတ်​မယ်​ဆိုတဲ့
ဂုဏ်​သတ္တိဟာ သူမရဲ့တင်​ပါးတစ်​စုံလိုဝင်းပလို့။ ။