Pages

ကဗျာဆိုတာပူပူ​နွေး​နွေး​ဟော့​ဒေါ့

ကဗျာဆိုတာ ဘုရားသခင်​ရဲ့ဒုတိယနာမ​တော်
ကဗျာဆိုတာ ပစ္စည်းမဲ့လူတန်းစားကြီး
က​ဗျာဆိုတာ မယာ​ကော့စကီးရဲ့နှုတ်​ခမ်း​မွှေကြီး
ကဗျာဆိုတာ လမ်းလယ်​​ခေါင်​က ဘ​လောက့်​တုံး​တွေ
ကဗျာဆိုတာ​နှုတ်​ခမ်းနီဆိုးထားတဲ့တင်​ပါးကြီး
ကဗျာဆိုတာ အမျိုးသား​ရေးပစ္စည်း
ဒီကမ္ဘာကြီးကို ကဗျာနဲ့ကယ်​တင်​မယ်
ငါ့ကဗျာငါ​ရေးမယ်​ မင်းနားလည်​စရာမလိုဘူး
ကဗျာဆိုတာပြည်​သူလူထုကြီး
ပြည်​သူလူထုကြီးက ကဗျာနဲ့​တွေ့​တော့ထမင်းငတ်​​နေတယ်
သူကိုယ်​တိုင်​လည်းထမင်းငတ်​​နေတယ်
ကဗျာဟာ သားပျက်​​ကျတယ်
အနုပညာတဲ့အ​ကောင်းစားစကားလုံးကြီး
အနုပညာပုံ​ဆောင်​ခဲကြီး လမ်း​ပေါ်တက်​လာပြီ
ရေငတ်​​နေတဲ့အသားအ​ရေနဲ့
ကဗျာ ​ဆိုတာ ဦးထုပ်​အဖြူ​ဆောင်းထားတဲ့​ဆောက်​လုပ်​​ရေးလုပ်​သား
တစ်​​နေ့လုပ်​ခ၈ထောင်နဲ့ လှိုင်​သာယာကတဲ​လေးထဲမှာ​နေတယ်
ကဗျာဆိုတာ ကိုယ်​စားပြုမှုကြီး
စကြ၀ဠာ သကြားလုံး လူကူးမျဉ်းကြား
ကိုယ့်​ကိုယ်​ကို အထင်​ကြီးမှု လူ​တွေနဲ့​ဝေးကွာမှု like​တွေအများကြီးရတဲ့status
တန်​ဖိုး၁၅၀၀ကျပ်​နဲ့ မျက်​နှာဖုံးလှလှ
အမှာစာ ​ခေတ်​ကြီးကိုကိုယ်​စားပြုပါတယ်
ကျွနု​ပ်တို့မျိုးဇာတ်​ရဲ့​ဖြတ်သန်းခဲ့ရတဲ့​ခေတ်​ကြီးရဲ့အ​မှောင်​ကျမှုဟာ ဒီကဗျာပဲ
ကဗျာဆိုတာ တစ်​ကိုယ်​​ရည်​အာသာ​ဖြေမှု
စကားလုံး​တွေနဲ့ပြီးလိုက်​တာ ​နောက်​ဆုံး​တော့​ပေါ့သွားတယ်​....။