Pages

ရန်​ကုနိမြို့ကြီး

ရန်​ကုန်​မြို့ကြီးဟာ ဦး​နှောက်​​သွေး​ကြောပျက်​ပြီး ​နွေပူပူထဲလမ်းမ​ပေါ်မှာပက်​လက်​လန်​​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ မျက်​ခုံး​မွှေးဆွဲထားတဲ့မျက်​ခုံး​မွှေးအပြားကြီးနဲ့လူ​တွေကိုပြုံးပြ​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ လွယ်​အိတ်​တစ်​လုံးလွယ် သင်တန်းတစ်​ခုပြီးတစ်​ခု​ပြေးအလွှားတက်​​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ သားထမင်းမစားရ​သေးလို့ပါ ထမင်းဖိုး​လေး​ပေးပါ နဲ့​အလှူ ခံ​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ အဲယားကွန်းသံတဝီးဝီး
မီးစက်​အသံတစ်​ဖုန်းဖုန်းနဲ့​ချွေးဒီးဒီးကျ​နေတယ်
ရန်​ကုန်​ မြို့ကြီးဟာ ကားကိုဟွန်းသံအရှည်​ကြီး​ပေးပြီး တရကြမ်း​မောင်းတယ်
ရန်​ကုန်​မြို့ကြီးဟာ အတက်​ဆိုခရီးသည်​ကိုအတင်းဆွဲတင် အဆင်းဆိုဇွတ်​တွန်း​ချပြန်​တယ်
ရန်​ကုန်​မြို့ကြီးဟာ ပလက်​​ဖောင်း​ပေါ်တက်​ကားထိုးပြီး ​ဈေေးရာင်းတယ်
ရန်​ကုန်​မြို့ကြီးဟာ ထမင်းချိုင့်​​လေးနဲ့ မနက်​​မှောင်​​မှောင်​က
အလုပ်​သွားတယ်​ ည​မှောင်​​မှောင်​မှ ပြန်​လာတယ်
ရန်​ကုန်​မြို့ကြီးဟာ ညစာနဲ့မနက်​စာ​ပေါင်းစားတယ်
ရန်​ကုန်​မြို့ကြီးဟာ ​ရွှေ့​ပြောင်းလာတဲ့ခို​တွေရဲ့အသံ​တွေနဲ့ညံ​​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ ရက်​လွန်​​နေတဲ့ငါး​ကိုမဲ​နေ​အောင်​ကင်​ထားတယ်
ရန်​ကုန်​မြို့ကြီးဟာ ​ဘယ်​သူမှဂရုမစိုက်​ ​ကောင်​မ​လေးရင်​သားကိုကိုင်​ နုတ်​ခမ်းကိုစုပ်​​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ အာဟာရမ​ပြည့်​တဲ့မျက်​နှာနဲ့ လမ်းပေါ်မှာပန်း​ရောင်း​တယ်
ရန်​ကုန်​မြို့ကြီးဟာ ဦးထုပ်​​နောက်​ပြန်​​စောင်းပြီး rap ရွတ်​​တယ်
ရန်​ကုန်​မြို့ကြီးဟာ အို​နေတဲ့အပျက်​မပဲငယ်​တယ်​ထင်​​အောင်​ပြင်​ဆင်​ပြီးထိုင်​​နေတယ်
ရန်​ကုန်​မြို့ကြီးဟာ အညစ်​အ​ကြေး​တွေနဲ့ပြည့်​​နေတဲ့အမှိုက်​ပုံကြီး
ရန်​ကုန်မြို့ကြီးဟာ ​ရောင်​စုံစက္ကူ​လေးများမွစာကြဲ​ ​လောင်​ကျွမ်းလွယ်​ စွန်းထင်းလွယ်​တယ်
ရန်​ကုနိမြို့ကြီးဟာ ​နေဝင်​ပြီးမိုးချုပ်​သွားတယ်
ရန်​ကုနိမြို့ကြီးဟာ ​စောက်​ထာကျလွန်းတယ်​ လူနဲ့မလိုက်​တဲ့ရှုးဖိနပ်​ကြီးစီးလို့
ရန်​ကုန်​မြို့ကြီးဟာ ရင်​သားကိုကြီး​အောင်​​ဆေးထိုးပြီး မိန်းမတစ်​​ယောက်​လိုလမ်း​လျှောက်​တယ်
ရန်​ကုန်​မြို့  ကြီးဟာ လိင်​ပိုင်းဆိုင်​ရာအ​စော်​ကားခံရတယ်
ရန်​ကုန်​မြို့ကြီးဟာ ကားတိုက်​မလို့ နှစ်​ကြိမ်​ဖြစ်​တယ်​ နှစ်​ကြိမ်​လုံးကားသမားဆဲတာခံရတယ်
ရန်​ကုန်​မြို့ကြီးဟာ လက်​​မောင်းမှာtatooထိုးထားတယ်
ဘီးလူး ပုံ အစွယ်​အ​ဖွေးသား စား​တော့ဝါး​တော့မဲ့အကြည့်​နဲ့
ရန်​ကုန်​မြို့ကြီးဟာ လမ်​ဘိုဂီနိပြိုင်​ကား
အမိုးဖွင့်​ပြီး ပြည်​လမ်းမှာ​မောင်းသွားတယ်
စော်​​လေးတင်​ပြီး။ ။