စူပါဟီးရိုးရုပ်ရှင်တွေထဲကလို
ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုတဲ့စိတ်ကူးနဲ့
မင်းကိုချစ်ခဲ့တာမဟုတ်ပါဘူး
စိတ်ကျရောဂါခံစားနေရတဲ့စူပါမန်းဟာ
ငါပဲ
မင်းအားကိုးစရာရှိ
ဒီကမ္ဘာကြီိးပေါ်ကနေလွင့်စင်မသွားအောင် မင်းကိုဆွဲထားတဲ့
မင်းအချစ်တွေကိုပဲအားကိုး
စူပါဟီးရိုးရုပ်ရှင်တွေမှာ ဘာလို့အသည်းကွဲခန်းထည့်မရိုက်တာလည်း ဆိုတာ
ငါသိသွားပြီ
စူပါမန်းဟာ အချစ်ရေးရှုံးခဲ့တယ်။။
ရွှေဘို ကဗျာ
စူပါမန်းဟာ မိုးရေထဲတောင့်တောင်းကြီးရပ်လို့
ရန်ကုနိမြို့ကြီး
ရန်ကုန်မြို့ကြီးဟာ ဦးနှောက်သွေးကြောပျက်ပြီး နွေပူပူထဲလမ်းမပေါ်မှာပက်လက်လန်နေတယ်
ရန်ကုန်မြို့ကြီးဟာ မျက်ခုံးမွှေးဆွဲထားတဲ့မျက်ခုံးမွှေးအပြားကြီးနဲ့လူတွေကိုပြုံးပြနေတယ်
ရန်ကုန်မြို့ကြီးဟာ လွယ်အိတ်တစ်လုံးလွယ် သင်တန်းတစ်ခုပြီးတစ်ခုပြေးအလွှားတက်နေတယ်
ရန်ကုန်မြို့ကြီးဟာ သားထမင်းမစားရသေးလို့ပါ ထမင်းဖိုးလေးပေးပါ နဲ့အလှူ ခံနေတယ်
ရန်ကုန်မြို့ကြီးဟာ အဲယားကွန်းသံတဝီးဝီး
မီးစက်အသံတစ်ဖုန်းဖုန်းနဲ့ချွေးဒီးဒီးကျနေတယ်
ရန်ကုန် မြို့ကြီးဟာ ကားကိုဟွန်းသံအရှည်ကြီးပေးပြီး တရကြမ်းမောင်းတယ်
ရန်ကုန်မြို့ကြီးဟာ အတက်ဆိုခရီးသည်ကိုအတင်းဆွဲတင် အဆင်းဆိုဇွတ်တွန်းချပြန်တယ်
ရန်ကုန်မြို့ကြီးဟာ ပလက်ဖောင်းပေါ်တက်ကားထိုးပြီး ဈေေးရာင်းတယ်
ရန်ကုန်မြို့ကြီးဟာ ထမင်းချိုင့်လေးနဲ့ မနက်မှောင်မှောင်က
အလုပ်သွားတယ် ညမှောင်မှောင်မှ ပြန်လာတယ်
ရန်ကုန်မြို့ကြီးဟာ ညစာနဲ့မနက်စာပေါင်းစားတယ်
ရန်ကုန်မြို့ကြီးဟာ ရွှေ့ပြောင်းလာတဲ့ခိုတွေရဲ့အသံတွေနဲ့ညံနေတယ်
ရန်ကုန်မြို့ကြီးဟာ ရက်လွန်နေတဲ့ငါးကိုမဲနေအောင်ကင်ထားတယ်
ရန်ကုန်မြို့ကြီးဟာ ဘယ်သူမှဂရုမစိုက် ကောင်မလေးရင်သားကိုကိုင် နုတ်ခမ်းကိုစုပ်နေတယ်
ရန်ကုန်မြို့ကြီးဟာ အာဟာရမပြည့်တဲ့မျက်နှာနဲ့ လမ်းပေါ်မှာပန်းရောင်းတယ်
ရန်ကုန်မြို့ကြီးဟာ ဦးထုပ်နောက်ပြန်စောင်းပြီး rap ရွတ်တယ်
ရန်ကုန်မြို့ကြီးဟာ အိုနေတဲ့အပျက်မပဲငယ်တယ်ထင်အောင်ပြင်ဆင်ပြီးထိုင်နေတယ်
ရန်ကုန်မြို့ကြီးဟာ အညစ်အကြေးတွေနဲ့ပြည့်နေတဲ့အမှိုက်ပုံကြီး
ရန်ကုန်မြို့ကြီးဟာ ရောင်စုံစက္ကူလေးများမွစာကြဲ လောင်ကျွမ်းလွယ် စွန်းထင်းလွယ်တယ်
ရန်ကုနိမြို့ကြီးဟာ နေဝင်ပြီးမိုးချုပ်သွားတယ်
ရန်ကုနိမြို့ကြီးဟာ စောက်ထာကျလွန်းတယ် လူနဲ့မလိုက်တဲ့ရှုးဖိနပ်ကြီးစီးလို့
ရန်ကုန်မြို့ကြီးဟာ ရင်သားကိုကြီးအောင်ဆေးထိုးပြီး မိန်းမတစ်ယောက်လိုလမ်းလျှောက်တယ်
ရန်ကုန်မြို့  ကြီးဟာ လိင်ပိုင်းဆိုင်ရာအစော်ကားခံရတယ်
ရန်ကုန်မြို့ကြီးဟာ ကားတိုက်မလို့ နှစ်ကြိမ်ဖြစ်တယ် နှစ်ကြိမ်လုံးကားသမားဆဲတာခံရတယ်
ရန်ကုန်မြို့ကြီးဟာ လက်မောင်းမှာtatooထိုးထားတယ်
ဘီးလူး ပုံ အစွယ်အဖွေးသား စားတော့ဝါးတော့မဲ့အကြည့်နဲ့
ရန်ကုန်မြို့ကြီးဟာ လမ်ဘိုဂီနိပြိုင်ကား
အမိုးဖွင့်ပြီး ပြည်လမ်းမှာမောင်းသွားတယ်
စော်လေးတင်ပြီး။ ။
ကဗျာဆိုတာပူပူနွေးနွေးဟော့ဒေါ့
ကဗျာဆိုတာ ဘုရားသခင်ရဲ့ဒုတိယနာမတော်
ကဗျာဆိုတာ ပစ္စည်းမဲ့လူတန်းစားကြီး
ကဗျာဆိုတာ မယာကော့စကီးရဲ့နှုတ်ခမ်းမွှေကြီး
ကဗျာဆိုတာ လမ်းလယ်ခေါင်က ဘလောက့်တုံးတွေ
ကဗျာဆိုတာနှုတ်ခမ်းနီဆိုးထားတဲ့တင်ပါးကြီး
ကဗျာဆိုတာ အမျိုးသားရေးပစ္စည်း
ဒီကမ္ဘာကြီးကို ကဗျာနဲ့ကယ်တင်မယ်
ငါ့ကဗျာငါရေးမယ် မင်းနားလည်စရာမလိုဘူး
ကဗျာဆိုတာပြည်သူလူထုကြီး
ပြည်သူလူထုကြီးက ကဗျာနဲ့တွေ့တော့ထမင်းငတ်နေတယ်
သူကိုယ်တိုင်လည်းထမင်းငတ်နေတယ်
ကဗျာဟာ သားပျက်ကျတယ်
အနုပညာတဲ့အကောင်းစားစကားလုံးကြီး
အနုပညာပုံဆောင်ခဲကြီး လမ်းပေါ်တက်လာပြီ
ရေငတ်နေတဲ့အသားအရေနဲ့
ကဗျာ ဆိုတာ ဦးထုပ်အဖြူဆောင်းထားတဲ့ဆောက်လုပ်ရေးလုပ်သား
တစ်နေ့လုပ်ခ၈ထောင်နဲ့ လှိုင်သာယာကတဲလေးထဲမှာနေတယ်
ကဗျာဆိုတာ ကိုယ်စားပြုမှုကြီး
စကြ၀ဠာ သကြားလုံး လူကူးမျဉ်းကြား
ကိုယ့်ကိုယ်ကို အထင်ကြီးမှု လူတွေနဲ့ဝေးကွာမှု likeတွေအများကြီးရတဲ့status
တန်ဖိုး၁၅၀၀ကျပ်နဲ့ မျက်နှာဖုံးလှလှ
အမှာစာ ခေတ်ကြီးကိုကိုယ်စားပြုပါတယ်
ကျွန်ုပ်တို့မျိုးဇာတ်ရဲ့ဖြတ်သန်းခဲ့ရတဲ့ခေတ်ကြီးရဲ့အမှောင်ကျမှုဟာ ဒီကဗျာပဲ
ကဗျာဆိုတာ တစ်ကိုယ်ရည်အာသာဖြေမှု
စကားလုံးတွေနဲ့ပြီးလိုက်တာ နောက်ဆုံးတော့ပေါ့သွားတယ်....။
ကိုယ်ဟန်ပြမယ်တစ်ယောက်ရဲ့အတွင်းခံဘောင်းဘီအောက်ကယုံကြည်မှု
အဖော်ချွတ်မယ်လေးဟာ သူ့အဝတ်အစားတွေကိုတလွှာချင်းချွတ်နေတယ်
နေထိပန်းလေးကသူ့ပွင့်ချပ်တွေတလွှာခြင်းခွာချနေသလို
သူ့ရင်သားတွေမှာသူ့ဘုရားသခင်ဟာမရှိဘူး
သူ့ပေါင်တံတွေမှာသူ့ယုံကြည်မှုဟာမရှိဘူး
သူ့ယောနိမှာသူ့ဘာသာတရားမရှိဘူး
သူ့ခန္ဓာကိုယ်မှာ သူ့နှုတ်ခမ်းမှာ ပျစ်ချွဲနေတဲ့အကြည့်တွေလာစိုက်
အဒီအကြည့်တွေမှာ ဘာသားတရားဟာပါမလာဘူး
အဒီအကြည့်တွေထဲမှာ ခရစ်တော်ဟာကားစင်တင်ခံရပြီး ဗုဒ္ဓဟာလူပုံအလယ်မှာစွပ်စွဲခံနေရတယ်
မိုဟာမက်ဟာ အလ္လာရှင်မြတ်ထံ သိုးတစ်ကောင်ကိုယစ်ပူဇော်လိုက်ပြန်တယ်
အဲဒီအကြည့်တွေထဲမှာ လူပရိတ်သတ်ပေါင်းများစွာရဲ့အကြည့်တွေထဲမှာ
အဖော်အချွတ်မယ်ဆိုတဲ့
ဂုဏ်သတ္တိဟာ သူမရဲ့တင်ပါးတစ်စုံလိုဝင်းပလို့။ ။
“ဇာတ်လိုက်မင်းသားမဟုတ်တဲ့ကောင်”
ရေခဲပြင်ထဲမှာခဲနေတဲ့သစ်ခြောက်ပင်ဟာငါပေါ့၊
ဆားပေါ့ပြီးအချိုမရှိတဲ့ဟင်းတစ်ခွက်ဟာငါပေါ့၊
စမုတ်တံတစ်ချောင်းလိုနေတဲ့ဘီးခွေဟာငါပေါ့၊
တီးလုံးမပါတဲ့သီးချင်းဟာငါပေါ့၊
မဖျော်ရသေးတဲ့ကော်ဖီတစ်ခွက်ဟာငါပေါ့၊
ကြယ်သီးတွေပြုတ်ထွက်နေတဲ့အင်္ကျီဟာငါပေါ့၊
လေလျော့နေတဲ့ဘီးတွေနဲ့ကားဟာငါပေါ့၊
မရယ်ရတဲ့ပြက်လုံးတွေဟာငါပေါ့၊
ဥပဒေမဖြစ်လိုက်ရတဲ့အဆိုတင်သွင်းမှုဟာငါပေါ့၊
ခေါင်းစဉ်မှားနေတဲ့ကဗျာတစ်ပုဒ်ဟာငါပေါ့၊
ကြယ်မရှိတဲ့ညကြီးမှာကြယ်လိုက်ရှာနေတာငါပေါ့၊
အမြီးတစ်ဝက်ပြတ်နေတဲ့ခွေးလိုကောင်ငါပေါ့၊
ခြေတစ်ဖက်ဆာနေတဲ့အတွေးတွေနဲ့
သင်ခန်းစာမကြေတဲ့မနက်ဖြန်များကို တည်ဆောက်
အတန်းချခံရတဲ့ ခပ်ချာချာမြင်းမြှီးလို
အရောင်မွဲမွဲနဲ့ကောင်ဟာ ငါပေါ့၊
ဟင်းလင်းပြင်ထဲမျောနေတဲ့မထင်မရှား
ဥက္ကာခဲတစ်ခုပေါ့ကွာ ကမ္ဘာမြေပေါ်ကနေ
ဘယ်သူမှ သောက်ဖက်လုပ်ပြီးလက်ညိုးထိုးကြမဟုတ်ဖူး။။
5 .ဒီဇင်ဘာ ZePhyr
““ ခြင် ””
တွေကို စခဲ့ပါသလဲ မာဘယာ
ဘာအတွက် အခုလိုမြင့်တဲ့ ခြေတံတွေနဲ့
ရပ်နေပါသလဲ။
ဘာကြောင့် အပိုင်းပိုင်း ခြေသလုံး ခုလို
ရှည်လျားရသလဲ။
စိတ်မြင့်ကြွနေသူအသင်။
ငါ့အပေါ်နားရင် လေထက် မလေးမယ့်
သဘော။
ငါ့အပေါ်အလေးချိန်မဲ့ ရပ်မယ်လား
အသင်တစ္ဆေ။
မိန်းမတစ်ယောက် သူ့ကို တောင်ပံရဲ့
အောင်ပွဲလို့ ခေါ်တာကြားဖူးရဲ့။
ထုံနှေးနှေး ဗင်းနစ်မှာပ
ခေါင်းကို မမြှီးဘက်လှည့်တည့်ကာ ပြုံး
သပေါ့။
ဘယ့်နှယ့်လုပ် ချိနဲ့တဲ့ခနာရဲ့
အလင်းဖေါက်တစ္ဆေအပိုင်းအစထဲ
ဒီလောက်မိစ္ဆာအကျင့်တွေ ထည့်ထားနိုင်
သလဲ။
ဆန်းရဲ့ မင့်တောင်ပံပါးပါး မင့်ခြေတံ
ဖားဖားနဲ့ ဘယ်လိုလုပ် ၀ဲပျံနိုင်ရသလဲ၊ ဗျိုင်းလို
လေခဲထိုင်းထိုင်းတစ်ခဲလို၊ နတ္ထိတစ်ခု။
ဒါပေမယ့် ဘယ်လို တန်ခိုးစက်ဝန်းမျိုး
မင်းမှာ ၀န်းရံနေပ။
မင်းရဲ့ မိစ္ဆာတန်ခိုးစက်ဝန်းကလေး
ချောင်းမြောင်းလိုက် ငါ့စိတ်ပေါ် ထုံထိုင်းမှုတစ်ခု
ချလိုက်နဲ့။
ဒါ မင်းရဲ့ပရိယာယ်။ မင်းရဲ့ ညစ်ညမ်းတဲ့
မှော်အစွမ်း တစ်စပေါ့။
မင်းတူရူဆီ ငါ့အာရုံစိုက်နေမှု သေသွား
စေတဲ့ မေ့ဆေးအစွမ်း၊ ကိုယ်ပျောက်အစွမ်း၊
ဒါပေမဲ့ ခုငါမင့်အတွက်ကိုသိပြီ၊ ပါးလျလျ
စုန်းကဝေရေ့။
ဆန်းရဲ့၊ ငါ့ကိုရစ်သိုင်းကာ စက်ဝိုင်းတွေ
အရှောင်အတိမ်းတွေနဲ့၊
ချောင်းလိုက်၊ မြောင်းလိုက်နဲ့ လုပ်နေပုံများ၊
တောင်ပံတွေနဲ့ ဖုတ်သဘက်၊
တောင်ပံနဲ့ အောင်ပွဲ။
နားလှာသလုံးလျလျ ရှည်ရှည်တွေနဲ့ ရပ်၊
ငါ့ကိုဘေးစောင်းကြည့် ငါသိကြောင်း
ပါးနပ်စွာသိ။
အစက်အပြောင် အသင်၊
မင်းကိုဆန့်ကျင်တတ်တဲ့ ငါ့စိတ်ကို သိရှိသွား
ပြီးတဲ့နောက်၊
လေထဲဘေးစောင်းလေး လစ်ထွက်သွားပုံများ
မုန်းလှချည့်။ ။ ။
ထက်မြက်
သို့
ချစ်ရပါသော နှမတော်
မောင်တော်ဟာ ခုနှစ်စင်ကြယ်ကို
အားကိုးပြီးလင်းရတဲ့ တစ်ခြမ်းပဲ့ လ ပါကွယ်
မဆွဲခေါ်ခဲ့ပါဘူး ၊
အမှောင်ထုကို မုန်းတယ် ။
ဖြစ်လျှင်ဖြစ်ခြင်းရဲ့ တစ်ခဏ
ချစ်လျှင်ချစ်ခြင်းရဲ့ အစ
မောင်တော်ဟာ နွားတွေကို ချစ်တယ်။
သက္ကရာဇ် နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းအရ
မောင်တော် ကနေ မောင် အဖြစ်ပြောင်း
နှစ်ယောက်အတူတွဲ လျောက်ရတာကို ချစ်တယ်
ရုပ်ရှင်နဲ့ လက်သည်းရှည်ရှည်ကို ချစ်တယ်
ထန်းရေသောက်ပြီး ရင်ဖွင့်ရတာကို ချစ်တယ်
နောက်ဆုံး သရီးစတက် ဆံပင်နဲ့
နှုတ်ခမ်းဖူးဖူးလေးကို ချစ်တယ်
1312 ရက်
နှင်းဆီပန်းတွေပွင့်တဲ့ ရာသီ
ရယ်သံစွက်တဲ့ ပွဲတော်အုပ်ကို လက်ဆုံစားချင်တယ်
နောင် နှစ်ပေါင်း တစ်ထောင်ထိ ။ ။
ထက်မြက်
အမှတ်တမဲ့ညည်းလိုက်မိတဲ့သီချင်း
ပျင်းပျင်းနဲ့အရည်ပျော်လာတော့
အမှတ်တရ ကောက်ခြစ်လိုက်တော့ပုံကြမ်းလေး
စကားလေးတစ်ခွန်းကိုသာယာနာပျော်ဖွယ်
အလယ်အလတ် လမ်းပဲကြိုက်တယ်
သဘောကတော့ လစ်ဘရယ်ဖြစ်မှုပေါ့
သီအိုရီဆန်တဲ့ငါတို့ရဲ့ညံ့ဖျင်းမှုများ
ဆင်းရဲမွဲတေမှုများစကားလုံးကသုံးလို့ကောင်း
အပြင်မှာလယ်ကန်သင်းသွားဖားကန်ခံရမဲ့ကိန်းမှာ
ငါတို့အရာအားလုံးကိုမျှဝေခံစားနေရတာ
အရာအားလုံးကလည်းစိတ်ညစ်စရာပဲ
အပြင်ဘက်ကိုကြည့်လိုက်လကသာနေတယ်
အခုငါတို့ပေါ်မှာလကသာနေတယ်
ငါ့မိန်းမပေါ်မှာလည်းသာနေမှာပဲ
ငါတို့မြို့ကဘုရားကျောင်းမှာဘုန်ကြီးကတရားဟောတယ် ငါတို့ဒီမှာရှိနေတာဘာကြောင့်လဲ ဘုရားသခင်တကယ်ရှိတယ်ဆိုရင် မင်းရဲ့ကတိတွေ
မင်းသိထားတွေမေ့လိုက်တော့ မေ့လိုက်တော့
သောက်အဓိပ္ပါယ်မရှိတာတွေမေ့လိုက်တော့
ငါဗီယနမ်မသွားချင်ဘူး လူတစ်ယောက်ရဲ့ယုံကြည်ချက်ကိုလူအများရဲ့ယုံည်ြချက်ဖြစ်အောင်မလုပ်နဲ့
ငါအဲဒီအရာကိုမကြိုက်ဘူး၊မကျွတ်မလွတ်နဲ့
တစ္ဆေ တစ်ကောင် လိုဖြစ်နေတာမကြိုက်ဘူး၊ကျွန်မစကတ်တိုကိုဝတ်တာက ရှင်မုဒိန်းကျင့်ဖို့အတွက်အကြောင်းပြချက်မဟုတ်ဘူး အဲသလိုပဲ
ငါတို့ရဲ့မသိနားမလည်မှုဟာမင်းတို့အမြတ်ထုတ်ဖို့အတွက်မဟုတ်ဘူး။ ။
၁၉.မတ်လ.၂၀၁၅. ZePhyr
ရေကန်
ဦးလောဘတို့ သူကြီးဖြစ်ကတည်းက
တို့တစ်ရွာလုံး ရေကြည်မသောက်ရတာပဲ
ဒင်းအတွက် အကျိုးအမြတ်မရလို့တဲ့ ပစ်ထားလိုက်တယ် ရွာလယ်ကရေကန်ကြီးထဲမှာ အမှိုက်တွေရော ဒိုက်တွေရော
မျိုးဆက်တစ်ခုဟာ ရေကြည်မသောက်ခဲ့ရ ရေနောက်နဲ့ပဲ အသားကျနေလိုက်တာ
ဘယ်လောက်တောင်လဲဆိုတော့
ရေကန်ကြီးကို ပြုပြင်မွမ်းမံ သန့်ရှင်းရေးလုပ်ဖို့ မောင်ဖိုးထွန်းတို့ အုပ်စုက ဆော်သြတော့ ဘယ်သူမှမလာကြဘူး
ဒါနဲ့သူတို့ လုပ်ငန်းစကြတယ်
ဦးလောဘက သူသိက္ခာကျလို့တဲ့ ကဖျက်ကယက်လိုက်လုပ်နေတာ
တချို့လည်း သူတို့ကိုချီးမွမ်းကြ
တချို့လည်း အပြစ်တင်ကြတယ် အားအားယားယားပေါ့
ဒီကန်ကြီးကိုပြုပြင်မွမ်းမံ သန့်ရှင်းရေးလုပ်တာ ကောင်းပါတယ်
ဒါပေမယ့်
ဒီကန်က မပြုပြင်ပဲ အပြီးတိုင်ဖျက်သိမ်းပစ်သင့်တာ
ဒီနေရာမှာ ခေတ်မီရေသန့်ကန်အဖြစ် ပြန်လည်မွေးဖွားဖို့
ဦးလောဘတို့ သူကြီးဖြစ်နေသရွေ့တော့ မထင်။
ကျားငှက်
ဒီအတိုင်းကြီးဆိုရင်အိမ်မက်မက်ရဲလား
ဒီအတိုင်းကြီးဆိုရင် ငါတို့နှလုံးသားတွေ ကျွပ်ဆပ်လို့
ဒီအတိုင်းကြီးဆိုရင်
ငါတို့ဦးနှောက်တွေ အကျပ်ရိုက်လို့
ဒီအတိုင်းကြီးဆိုရင်
ငါတို့ခြေဖ၀ါးတွေအက်ကွဲလို့
ရှေ့ဆက်လှမ်းဖို့ခက်ပြီ
ဒီအတိုင်းကြီးဆိုရင် ငါတို့မျက်လုံးတွေအတောင်ညောင်းလို့
ရှေ့ကိုလှမ်းမမြင်နိုင်တော့ဘူး
ဒီအတိုင်းကြီးဆိုရင် ငါတို့ပါးစပ်တွေ
အာစေးမိနေလို့
စကားလုံးတစ်လုံးတောင်မှထွက်ကျမလာတော့ဘူး
ဒီအတိုင်ကြီးဆိုရင်
ငါတို့်တံတွေးမျိုချနေရတာတောင်
အဆင်မပြေဘူး။ ။
ZePhyr
ခင်ဗျားလက်မှတ်ထိုးလိုက်တာကျုပ်တို့အိမ်မက်တွေ
တစ်နေ့နေ့တစ်ချိန်ချိန်မှာဒါဟာဖြစ်လာမှာ အတိအကျပဲ ဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲ
ဘီယာတစ်ခွက်လိုပေါ့ကွာအမြှပ်တွေဟာအထက်ကိုတက်ကျတာပါပဲ
အစွန်းရောက်ဝါဒီတွေကရော အချစ်ကိုယုံသလား၊မေးခွန်းဟာမေးပြီးနောက်ချေဖျက်ခြင်းခံလိုက်ရတယ်၊
ဒါဟာလူကြီးလူကောင်းတစ်ယောက်ရဲ့အပုတ်နံ့ထွက်နေတဲ့သတင်းပဲ၊လူမျိုးရေးခွဲခြားမှုဟာထမင်းစားပြီးရေသောက်သလိုလွယ်လာ၊မြို့ထဲစစ်သားတွေဝင်လာတဲ့အခါခိုလေးတွေလန့်ပျံသွားကြ၊
အားလုံးဟာအထိန်တလန့်နဲ့ရုပ်ရှင်ရုံထဲကပြေးထွက်လာတယ်၊အခြေခံလူတန်းစား လမ်းမပေါ်မှာလူအရမ်းများ
ထွက်ပေါက်မရှိတဲ့လူတွေလူအရမ်းများ၊သီချင်းသံကလမ်းမပေါ်တက်လာတယ် ပျီဆို့နေတဲ့ရောင်ကိုင်းမှုကြီးနဲ့၊
အိမ်မက်ဆိုတာ ဒီလိုလူမျိုးတွေနဲ့များ
မထိုက်တန်ဘူးလို့ယူဆထားကြသလား
ဉာဏ်ကြီးရှင်ကြီးများရဲ့
ဒီကမ္ဘာကြီးကိုပိုကောင်းလာဖို့ဆိုတဲ့
မဟာစိတ်ကူးကြီးများနဲ့ခင်ဗျားတို့
စီးကရက်ကိုမီးညှိခဲ့ကြသလား။ ။
ZePhyr
5.Dec.2014
ဒီအတိုင်းကြီးဆိုရင်အိမ်မက်မက်ရဲလား
ဒီအတိုင်းကြီးဆိုရင် ငါတို့နှလုံးသားတွေ ကျွပ်ဆပ်လို့
ဒီအတိုင်းကြီးဆိုရင်
ငါတို့ဦးနှောက်တွေ အကျပ်ရိုက်လို့
ဒီအတိုင်းကြီးဆိုရင်
ငါတို့ခြေဖ၀ါးတွေအက်ကွဲလို့
ရှေ့ဆက်လှမ်းဖို့ခက်ပြီ
ဒီအတိုင်းကြီးဆိုရင် ငါတို့မျက်လုံးတွေအတောင်ညောင်းလို့
ရှေ့ကိုလှမ်းမမြင်နိုင်တော့ဘူး
ဒီအတိုင်းကြီးဆိုရင် ငါတို့ပါးစပ်တွေ
အာစေးမိနေလို့
စကားလုံးတစ်လုံးတောင်မှထွက်ကျမလာတော့ဘူး
ဒီအတိုင်ကြီးဆိုရင်
ငါတို့်တံတွေးမျိုချနေရတာတောင်
အဆင်မပြေဘူး။ ။
ZePhyr
အိမ်ကြက်တို့ပုံပြင်
မှားနေပြီလားကွယ်
ဝင်းဝင်းသီဝရီမဟုတ်တာတော့ သေချာမယ်
မင်းလည်းရှုံး တို့လည်းရှုံး
ဗျူဟာဆိုတာ တကယ်လိုအပ်သလား
နှစ်ကောင်စား ကင်းဝင်တာတို့ ဘာတို့
ကိုယ်မြင်ကိုယ်ထိုး ဘေးမပြောရ
မနေနိုင်တဲ့တစ်ယောက် ၀င်ပြောတယ်
ရန်သူဟာအိပ်ရေးဝနေရဲ့
ရန်သူဟာ အဖေဖြစ်နေခဲ့ရင်
အိမ်ကြက်ချင်းတွေပဲလေ
အဖေ့မျက်နှာမှာအိုးမဲနဲ့ ကျနော့်မျက်နှာမှာအိုးမဲနဲ့
ခွတ်လိုက်ကြစို့သူငယ်ချင်း ဆိုရင်တော့
ဝင်းဝင်းသီဝရီဟာ တို့သားအဖနဲ့မဆိုင်
ဗျူဟာဆိုတာ တကယ်လိုအပ်သလား
နှလုံးသာထဲကမေတ္တာတရားတွေ ပုံသေနည်းနဲ့သုံးကြသလား
အိမ်ကြက်တွေ ဘရိန်းဝက်လုပ်ခံလိုက်ရတာ
ကုစားဖို့များဆေးမရှိတော့ရင်
ရိုဘော့တွေကိုသာ နန်းတင်လိုက်ကြဖို့။
ကျားငှက်
👽 ခေါင်းစဉ် 💀
ငါ့စိတ်ရဲ့ အရိုးပြာတွေ
ကောင်းကင်ထဲကို လွှင့်လိုက်ပြီ
ငှက်တွေလိုက်ဖမ်းကြ
ဆင်ဖြူတော်မှီပြီး ကြံစုပ်လာခဲ့တာ
ဆင်ဖြူတော်လည်း သေပြီ
အရိုးပြာတွေကျန်ခဲ့
မှောင်မဲတဲ့လမ်းထဲမှာတော့
ဆင်ဖြူတော်လည်း မဲခဲ့မယ်
မခုန်တတ်တော့တဲ့ ပုဇင်းရင်ကွဲ
အသည်းက ဆန်ကာကျ
ဦနှောက်က ပိုးထိ
နာတာတွေ ဘာတွေသိဖို့လဲ
နာ့ဗ်ကြော မရှိတော့သလို
ကဗျာကိုဒီနေရာမှာ ရပ်လိုက်တယ်
ဖူးစတော့ .
ကျားငှက်
နှလုံးသား အား တိုက်ရိုက်ခေါ်ဆိုမှု
စွဲလမ်းမိသောအချင်းအရာသည်ငါ့စိတ်၌ထင်ရှားဖြစ်ပေါ်၍လာသည်။
တစ်ဆစ်ချင်းပွင့်နေသောပန်းတစ်ပွင့်သည်အချစ်ကြောင်းကိုမသိ။
တစ်ဆစ်ချင်းလွမ်းဆွတ်ချင့်စဖွယ် ညနေရီသည်လည်း အချစ်ကြောင်းကိုမသိ။
တစ်ဆစ်ချင်းရူးသွပ်စပြုလာသော နှလုံးသားငယ်သည်လည်း အချစ်ကြောင်းကိုမသိ။
ချောက်ကမ်းပါး ထိပ်၌ရေတံခွန်ကိုချစ်သော
ရေများအရှိန်အဟုန်ပြင်းစွာ
ပြတ်ရှဒဏ်ရာ တစ်ခုမှသွေးများအရှိန်အဟုန်ပြင်းစွာ
ထိုနည်းတူ သူမနုတ်ခမ်းများသည်လည်း
အရှိန်အဟုန်ပြင်းစွာ....။
ချစ်နေရခြင်းတွင်ကုံလုံပြည့်ဝနေသော
ရောင့်ရဲမှုတို့ကိုသာအမျှဝေပါမည်။
နောက်ထပ် ထပ်မံမလိုအပ်ခြင်းများကို
စံပယ်တစ်ကုံးဖန်ဆင်း၍ သူမအားလက်ဆောင်ပေးလိုပါသည်။
ဖြစ်နိုင်လျှင်....သူမကိုယ်သင်းနံ့ဖြင့်သာ
စိတ်ကိုထုံမွမ်းထားလိုပါသည်။
.........................
................................
တစ်ခုသောအခါတွင် ကျွန်တော်တို့နှလုံးခုန်သံများကို
အချိန်တိုက်ထားလိုက်မိပါသည်။
ထိုအချိန်မှစ၍ နှလုံးခုန်သံတစ်ချက်တိုင်း
တစ်ယောက်ကိုတစ်ယောက်သတိရနေမိပါသည်။
မကြာခဏ အေးစက်နေတတ်သော သူမခြေဖျားမှ
အေးစက်မှုကို ကျွန်တော့်နှလုံးသားမှသိနေပါသည်။
သူမနေမကောင်းဖြစ်သောအခါများ၌
ကျွန်တော်အိပ်မပျော်တတ်ပါ။
သူမပြုံးနေသောအခါ ကျွန်တော်ပြုံးမိပါသည်။
မြောက်ဝင်ရိုးစွန်းနှင့်တောင်ဝင်ရိုးစွန်းကို
သံလိုက်များဆက်လက်မညွန်ပြသည့်
အချိန်မျိုးတွင်ပင်
ကျွန်တော့်နှလုံးသားသည် သူမအားညွန်ပြနေပါလိမ့်မည်။
စိတ်ကိုဖြတ်သန်းသွားသမျှသည် စိတ်ကိုပင်ပန်းစေသည်ဟုကျွန်တော်သိပါသည်။
ဘယ်ဘက်ရင်အုံမှသူမအပြုံးများသည်
ကျွန်တော်လှိမ့်တင်ထားသော
ကျောက်တုံးများဖြစ်ပါသည်။
ထိုအချင်းအရာကို ထောက်ဆလျှင်
သူမသည် ချစ်ဦးသူဖြစ်ကြောင်း
သင်ရိပ်မိပါလိမ့်မည်။
ထိုအရာသည် မှန်ကန်ခဲ့သည်ဟုကျွန်တော်ထင်ပါသည်။
ချစ်သူကိုနမ်းရှိုက်ခဲ့သော အနမ်းရေအတွက်သည်
သင်တစ်သက်တာ
နေ့ရက်များထက် ပိုခဲ့သည်ရှိသော်
သင်လည်းကံကောင်းသည်ဟု ကျွန်ုပ်ကဆိုချင်ပါသည်။
စွဲလမ်းမိသောအချင်းအရာသည် ငါ့စိတ်၌
ထင်ရှားဖြစ်ပေါ်၍လာသည်။
ထို့ကြောင့်....ပယ်အပ်သောသမုဒယကို
ကဗျာအဖြစ် ကျွန်ုပ်စွန်ပယ်သည်။
Zephyr