(ပိတ်)တောနားကကျောင်း
တက္ကသိုလ်ဝင်တန်းအောင်ခါစကပေါ့
ကျနော်ကလည်း ဘုမသိဘမသိ
စပြီ လာပြီ တွေ့ကြပြီ
သြော် ခင်ဗျားကမြို့အပြင်မှာကိုး
အံမယ် နှုတ်ခမ်းနီပါးနီတွေနဲ့ အလန်းဗျ
လာမယ် ရတယ် လာခဲ့မယ်
ကျနော်မြို့ထဲကပဲ လာခဲ့မယ်
ဆိုးတော့မဆိုးပါဘူး
တောတောလိုက် တောင်တောင်လိုက်ပေါ့
ပထမနှစ် (AGTI)
ဒုတိယနှစ် (AGTI)
တတိယနှစ် (B.Tech)
(ပထမ)စတုတ္ထနှစ် (B.Tech)
(ဒုတိယ)စတုတ္ထနှစ် (B.Tech)
ပဉ္စမနှစ် (BE)
ခင်ဗျားကြီးအကြောင်းကို ကျုပ်ကောင်းကောင်းကြီးသိပြီ
ခင်ဗျားမှာဘာမှမရှိဘူး
လက်တွေ့၊ ဓာတ်ခွဲခန်း၊ ပြဌာန်းစာအုပ်၊ ကိုးကားစာအုပ်
ပြောမနေတော့ဘူးဗျာ ရေတောင်သောက်စရာမရှိဘူး
ခင်ဗျားလိမ်တယ် ခင်ဗျားညာတယ်
အဖွားကြီး
ခင်ဗျားနဲ့အတူ ဒီတောထဲမှာလာနေခဲ့တာ ခြောက်နှစ် ခြောက်နှစ်
ကျုပ်ကိုကွာရှင်းခွင့်ပေးပါတော့
အဲလေ တစ်ခုတော့တောင်းဆိုအုံးမယ်
ခင်ဗျားအနေနဲ့ ကျုပ်ကို BEဘွဲ့လေးတော့ နစ်နာကြေးပေး။ ။
ကျားငှက်
အမတ္တကိုယ်ဝန်
နှလုံးသားထဲမှာလေ
ချစ်ခြင်းမေတ္တာများနဲ့ သစ္စာစကားများနဲ့
တေးသွားတွေကို ကိုယ်ဝန်လွယ်ခဲ့တယ်
ဘောပင်တစ်လက်နဲ့စာတစ်ရွက်က
မီးဖွားသန့်စင်ဖို့ စောင့်ဆိုင်းနေလေရဲ့
ငါ့ကိုယ်ဝန်ဟာ ကမ္ဘာမြေငြိမ်းချမ်းဖို့
ရင့်သန်လာခဲ့ပြီ
နက္ခတ်တွေ မလိုဘူး
ပဉာက်တွေ မလိုဘူး။ ။
ကျားငှက်
ငါနဲ့ငါ့အနာ ဂတ်
ငါဘာဖြစ်ချင်မှန်းမသိဘူးဆိုတဲ့
ဗမာလူငယ်ကိုးဆယ်ထဲမှာ မင်းရောပါသလား
ထားတော့
ငါဘာလိုအပ်နေခဲ့သလဲ
အချိန်လား ငွေလား ပညာလား
ငါ့ကိုထောက်ကန်ပေးမယ့် ဂေဟ၀န်းကျင်တစ်ခုလား
ဆရာဦးအောင်သင်းပြောတဲ့
လူငယ်တိုင်းရဲ့ ပင်မရည်ရွယ်ချက်သုံးရပ် "သြဇာ အာဏာ အသပြာ"
ငါဘာကိုလိုလားနေခဲ့သလဲ
ငါနင်းဖြတ်ခဲ့တဲ့မိုင်တွေမှာ တန်ဖိုးရှိခဲ့
သို့မဟုတ် တန်ဖိုးရှိလိမ့်မလားဆိုတာ ငါကိုယ်တိုင်သိသလား
မသေချာခြင်းတွေနဲ့ငါ့မှာ သေချာတာတစ်ခုရှိရဲ့
ငါ့အသုဘကို သိလျက်နဲ့ မလာတဲ့သူတွေတော့
သိပ်အများကြီးရှိမနေစေချင်ဘူး
ကျားငှက်
ဒေါင်းပျိုတို့နှလုံးသား အမုန်းများမရှိ
အင်မတန်ယုတ်ညံ့တဲ့ ခြင်္သေ့တွေသာမရှိရင်
ဒေါင်းပျိုတို့အလှကို ဂရုပြုမိကြမှာမဟုတ်ဘူး
ဆိုပေမယ့်
ခြင်္သေ့ဟာ မာယာသုံးတတ်တယ်
ခြင်္သေ့ဟာ ဟန်ဆောင်ကောင်းတတ်တယ်
ခြင်္သေ့ဟာ ထောင်ချောက်ဆင်တတ်တယ်
ခြင်္သေ့ဟာ အဆက်အစပ်မရှိတဲ့ လျော့တိလျော့ရဲ နတ်စကားတွေဆိုတတ်တယ်
ဒီအခါမျိုးတော့
ဒေါင်းပျိုလေးခမြာ လျစ်လျူရှုခံရ
ရှိစုမဲ့စုအားနည်းချက် အထိုးနှက်ခံရ
ထောင်ချောက်မှန်းသိလျက် နင်းဖြတ်ခဲ့ရ
သူခိုးက လူလူအဟစ်ခံရ
ကိစ္စမရှိလေဘူး
သုမနတို့ကျောမှာ ဒဏ်ရာတွေနဲ့ ဆိုသလိုပ
ဒီဒေါင်းပျိုတွေက
အမှန်တရားအတွက်တော့ အသေခံတပ်သား
အဲ . . .
ဒေါင်းပျိုတွေအလှ ပယ်ချချင်သပဆိုရင်တော့
ခြင်္သေ့တွေ ဥပုသ်စောင့်ဖို့လိုလိမ့်မယ် . . .
ကျားငှက်
ခင်ဗျားတို့ ကိုယ်တိုင်
ဟေ့လူကြီးတို့
ခင်ဗျားတို့ကိုယ်တိုင် ဖျက်ပစ်ခဲ့တာလေ
ပညာရေးစနစ် ကျန်းမာရေးစနစ် ကုန်သွယ်ရေးစနစ် စနစ် စနစ်
ငွေရတုတွေ ဘာတွေတောင် တိုင်ခဲ့မဟုတ်လား
ဟေ့လူကြီးတို့
ခင်ဗျားတို့ကိုယ်တိုင် ခုတ်ခဲ့ကြတာလေ ထွင်းခဲ့ကြတာပေါ့
တစ်တောလုံးလဲ ပြောင် တစ်တောင်လုံးလဲ ပျောက်
ဟေ့လူကြီးတို့
ခင်ဗျားတို့ကိုယ်တိုင် စောင့်ခဲ့ကြတာလေ ဖောက်ခဲ့ကြမဟုတ်လား
နယ်စပ်ကလဲ အိုးပင်းဒလဟော
နယ်တွင်းကလဲ ရှဲရှဲနီ
ဗမာပြည်ကံ ခေခဲ့ပေါ့ဗျာ
ဟေ့လူကြီးတို့
ခင်ဗျားတို့ကိုယ်တိုင် သင်္ကန်းတွေကိုမီးရှို့ခဲ့တာလေ
လက်ပံတောင်းမှာ ဗျာ
ဟေ့လူကြီးတို့
ခင်ဗျားတို့ကိုယ်တိုင် ရတတ်ခဲ့ကြ
ခင်ဗျားတို့ကိုယ်တိုင် ပေါများခဲ့ကြ
ခင်ဗျားတို့ကိုယ်တိုင် စီးပိုးခဲ့ကြတာတွေ
မိုးကြိုးကြီး ပစ်ချတော့မယ်
ထန်းလက်နဲ့ မကာနဲ့
သံဃာတော်တွေရဲ့ သင်္ကန်းနဲ့လည်း မကာနဲ့
ခင်ဗျားတို့ကိုယ်တိုင် မီးရှို့ခဲ့ပြီးမှ . . .
ကျားငှက်
ခင်ဗျားဖတ်ဖို့
ပညာရေး ကို စိတ်ဝင်စားတာကောင်းပါတယ်
ဒါပေမယ့် ခင်ဗျားက ဘယ်အတတ်ပညာမှ ဟုတ်တိပတ်တိ မလိုက်စားဘူးရင် သဘာဝမကျဘူး
ခင်ဗျားက ဘယ်အတတ်ပညာမှ ဟုတ်တိပတ်တိ မလိုက်စားဖူးပဲ
ပညာရပ်တစ်ခုကို အထင်ကြီးလို့မရသလို အထင်သေးလို့ မရဘူး
ခင်ဗျားမှ မတတ်ဘဲ
စီးပွားရေး ကို စိတ်ဝင်စားတာကောင်းပါတယ်
ဒါပေမယ့် ခင်ဗျားက ဘယ်အရာတစ်ခုကိုမှ မရောင်းဖူးမ၀ယ်ဖူးရင် သဘာဝမကျဘူး
ခင်ဗျားက ဘယ်အရာတစ်ခုကိုမှ မရောင်းဖူးမ၀ယ်ဖူးပဲ
ဈေးကွက်တစ်ခုကို ဖန်တီးလို့မရသလို ဖျက်ဆီးလို့မရဘူး
ခင်ဗျားမှ မကျွမ်းကျင်ဘဲ
ဘာသာရေး ကို စိတ်ဝင်စားတာကောင်းပါတယ်
ဒါပေမယ့် ခင်ဗျားက ဘယ်ဘုရားရဲ့ ကျင့်စဉ်ကိုမှ မလေ့လာဖူးရင် သဘာဝမကျဘူး
ခင်ဗျားက ဘယ်ဘုရားရဲ့ ကျင့်စဉ်ကိုမှ မလေ့လာဖူးပဲ
ဘယ်တရားတော်ကိုမှ လိုက်နာကျင့်ကြံလို့မရသလို ဝေဖန်ထောက်ပြလို့လည်းမရဘူး
ခင်ဗျားမှ မခွဲခြားတတ်ဘဲ
နိုင်ငံရေး ကိုစိတ်ဝင်စားတာကောင်းပါတယ်
ဒါပေမယ့် ခင်ဗျားက ဘယ်နိုင်ငံရဲ့ဖွဲ့စည်းပုံကိုမှ မလေ့လာဖူးဘူးဆိုရင် သဘာဝမကျဘူး
ခင်ဗျားက ဘယ်နိုင်ငံရဲ့ဖွဲ့စည်းပုံကိုမှ မလေ့လာဖူးပဲ
ဘယ်ဥပဒေကိုမှ ထောက်ခံလို့မရသလို ကန့်ကွက်လို့လည်းမရဘူး
ခင်ဗျားမှ နားမလည်ပဲ
ကျနော်တို့က နေရင်းထိုင်ရင်း အလဟသတက်ကြွနေလို့ မဖြစ်ဘူး
ကျနော်တို့ တစ်ခုခုကိုစိတ်ဝင်စားမိကြပြီဆိုရင်တော့ လေ့လာရမှာပဲ
ပြီးမှ ဆုံးဖြတ်သင့်တာပေါ့
ကျားငှက်
တွမ်ဂျုတ်တို့ ကားစုတ်ကြီး
တွမ်ဂျုတ်တို့ကားစုတ်ကြီးက အမေရိကန်မြောက်ပိုင်းပြည်နယ်တွေကိုမသွားပဲ
ငါတို့မြန်မာနိုင်ငံထဲကို ရောက်လာတယ်
တွမ်ဂျုတ်တို့ကားစုတ်ကြီးပေါ်မှာ ကလေးတွေရော ခွေးတွေရော
ရှိစုမဲ့စု အသက်ရှင်ရပ်တည်မှုလေးရော ပရိဘောဂအစုတ်အပြတ်တွေရော ပါတယ်
တွမ်ဂျုတ်တို့ကားစုတ်ကြီးက နေရောင်ပြင်းပြင်းအောက်မှာ
ဖုတ်လှိုက်ဖုတ်လှိုက် အသက်ငင်နေတဲ့အသံနဲ့ ရောက်လာတယ်
တွမ်ဂျုတ်တို့ကားစုတ်ကြီးပေါ်မှာ အဘိုးတွမ်က နာနာကျည်းကျည်း စကားတစ်ခွန်းကိုပြောတယ်
" ဒီမြေပေါ်မှာ ငါ့အဘိုးရော ငါ့အဘွားရော သေခဲ့တယ်
ငါ့ညီ မင်းဦးလေးရော သေခဲ့တယ်
ငါတို့ခုတ်ထွင်ရှင်းလင်းခဲ့တာ ဒီနေရာ ငါတို့ချွေးတွေကျခဲ့တာလည်း ဒီမြေပဲ
ငါတို့အသက်တွေ ကြိုးစားတည်ဆောက်ခဲ့တာလည်း ဒီမြေပဲ
အခု ဒီမြေကိုပဲ ငါတို့မပိုင်တော့ဘူးတဲ့ ငါတို့ ဘာလုပ်ကြမလဲ"
တွမ်ဂျုတ်တို့ကားစုတ်ကြီးက ရေကြည်ရာမြက်နုရာ ရွှေ့ခဲ့ကြတာမဟုတ်ဘူး
ထွန်စက်ကြီးတွေ မြေပိုင်ရှင်ကြီးတွေက
သူတို့အိမ်တွေဆီကနေ မောင်းထုတ်ခံခဲ့ရတာ အခုပဲ
တွမ်ဂျုတ်တို့ကားစုတ်ကြီးက မြန်မာနိုင်ငံကို ရောက်လာတယ်။ ။
Yobbo
Subscribe to:
Posts (Atom)