Pages

အမတ္တကိုယ်ဝန်



နှလုံးသားထဲမှာလေ
ချစ်ခြင်းမေတ္တာများနဲ့ သစ္စာစကားများနဲ့
တေးသွားတွေကို ကိုယ်ဝန်လွယ်ခဲ့တယ်
ဘောပင်တစ်လက်နဲ့စာတစ်ရွက်က
မီးဖွားသန့်စင်ဖို့ စောင့်ဆိုင်းနေလေရဲ့
ငါ့ကိုယ်ဝန်ဟာ ကမ္ဘာမြေငြိမ်းချမ်းဖို့
ရင့်သန်လာခဲ့ပြီ
နက္ခတ်တွေ မလိုဘူး
ပဉာက်တွေ မလိုဘူး။     ။


                                       ကျားငှက်