ခင်ဗျားတို့ ကိုယ်တိုင်
ဟေ့လူကြီးတို့
ခင်ဗျားတို့ကိုယ်တိုင် ဖျက်ပစ်ခဲ့တာလေ
ပညာရေးစနစ် ကျန်းမာရေးစနစ် ကုန်သွယ်ရေးစနစ် စနစ် စနစ်
ငွေရတုတွေ ဘာတွေတောင် တိုင်ခဲ့မဟုတ်လား
ဟေ့လူကြီးတို့
ခင်ဗျားတို့ကိုယ်တိုင် ခုတ်ခဲ့ကြတာလေ ထွင်းခဲ့ကြတာပေါ့
တစ်တောလုံးလဲ ပြောင် တစ်တောင်လုံးလဲ ပျောက်
ဟေ့လူကြီးတို့
ခင်ဗျားတို့ကိုယ်တိုင် စောင့်ခဲ့ကြတာလေ ဖောက်ခဲ့ကြမဟုတ်လား
နယ်စပ်ကလဲ အိုးပင်းဒလဟော
နယ်တွင်းကလဲ ရှဲရှဲနီ
ဗမာပြည်ကံ ခေခဲ့ပေါ့ဗျာ
ဟေ့လူကြီးတို့
ခင်ဗျားတို့ကိုယ်တိုင် သင်္ကန်းတွေကိုမီးရှို့ခဲ့တာလေ
လက်ပံတောင်းမှာ ဗျာ
ဟေ့လူကြီးတို့
ခင်ဗျားတို့ကိုယ်တိုင် ရတတ်ခဲ့ကြ
ခင်ဗျားတို့ကိုယ်တိုင် ပေါများခဲ့ကြ
ခင်ဗျားတို့ကိုယ်တိုင် စီးပိုးခဲ့ကြတာတွေ
မိုးကြိုးကြီး ပစ်ချတော့မယ်
ထန်းလက်နဲ့ မကာနဲ့
သံဃာတော်တွေရဲ့ သင်္ကန်းနဲ့လည်း မကာနဲ့
ခင်ဗျားတို့ကိုယ်တိုင် မီးရှို့ခဲ့ပြီးမှ . . .
ကျားငှက်