Pages

ခင်ဗျားဖတ်ဖို့



ပညာရေး ကို စိတ်ဝင်စားတာကောင်းပါတယ်
ဒါပေမယ့် ခင်ဗျားက ဘယ်အတတ်ပညာမှ ဟုတ်တိပတ်တိ မလိုက်စားဘူးရင် သဘာဝမကျဘူး
ခင်ဗျားက ဘယ်အတတ်ပညာမှ ဟုတ်တိပတ်တိ မလိုက်စားဖူးပဲ
ပညာရပ်တစ်ခုကို အထင်ကြီးလို့မရသလို အထင်သေးလို့ မရဘူး
ခင်ဗျားမှ မတတ်ဘဲ

စီးပွားရေး ကို စိတ်ဝင်စားတာကောင်းပါတယ်
ဒါပေမယ့် ခင်ဗျားက ဘယ်အရာတစ်ခုကိုမှ မရောင်းဖူးမ၀ယ်ဖူးရင် သဘာဝမကျဘူး
ခင်ဗျားက ဘယ်အရာတစ်ခုကိုမှ မရောင်းဖူးမ၀ယ်ဖူးပဲ
ဈေးကွက်တစ်ခုကို ဖန်တီးလို့မရသလို ဖျက်ဆီးလို့မရဘူး
ခင်ဗျားမှ မကျွမ်းကျင်ဘဲ

ဘာသာရေး ကို စိတ်ဝင်စားတာကောင်းပါတယ်
ဒါပေမယ့် ခင်ဗျားက ဘယ်ဘုရားရဲ့ ကျင့်စဉ်ကိုမှ မလေ့လာဖူးရင် သဘာဝမကျဘူး
ခင်ဗျားက ဘယ်ဘုရားရဲ့ ကျင့်စဉ်ကိုမှ မလေ့လာဖူးပဲ
ဘယ်တရားတော်ကိုမှ လိုက်နာကျင့်ကြံလို့မရသလို ဝေဖန်ထောက်ပြလို့လည်းမရဘူး
ခင်ဗျားမှ မခွဲခြားတတ်ဘဲ

နိုင်ငံရေး ကိုစိတ်ဝင်စားတာကောင်းပါတယ်
ဒါပေမယ့် ခင်ဗျားက ဘယ်နိုင်ငံရဲ့ဖွဲ့စည်းပုံကိုမှ မလေ့လာဖူးဘူးဆိုရင် သဘာဝမကျဘူး
ခင်ဗျားက ဘယ်နိုင်ငံရဲ့ဖွဲ့စည်းပုံကိုမှ မလေ့လာဖူးပဲ
ဘယ်ဥပဒေကိုမှ ထောက်ခံလို့မရသလို ကန့်ကွက်လို့လည်းမရဘူး
ခင်ဗျားမှ နားမလည်ပဲ

ကျနော်တို့က နေရင်းထိုင်ရင်း အလဟသတက်ကြွနေလို့ မဖြစ်ဘူး
ကျနော်တို့ တစ်ခုခုကိုစိတ်ဝင်စားမိကြပြီဆိုရင်တော့ လေ့လာရမှာပဲ
ပြီးမှ ဆုံးဖြတ်သင့်တာပေါ့ 


                                 ကျားငှက်